Latest News

Tuesday, January 23, 2018

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင် လွှတ်တော်အထူးအစည်းအဝေးတွင်ကတိသစ္စာပြု၊ မိန့်ခွန်းပြောကြား

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင် လွှတ်တော်အထူးအစည်းအဝေးတွင်ကတိသစ္စာပြု၊ မိန့်ခွန်းပြောကြား

ပုသိမ် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဧရာဝတီတိုင်းအစိုးရရုံးတွင် ယနေ့နံနကိ ၁၀နာရီအချိန်၌
ဧရာဝတီတိုင်းလွှတ်တော်အထူးအစည်းအဝေး ကို၁/၂၀၁၈ ဒုတိယအကြိမ်အဖြစ်  ပြန်လည်ကျင်းပခဲ့ရာ လွှတ်တော်တွင်ဧရာဝတီတိုင်းဝန်ကြီးချူပ်ဦးလှမိုးအောင်မှကတိပြုကျမ်းသစ္စာကျိန်ဆို ခဲ့ပြီးမိနိ့ခွန်းပြောကြားခဲ့ကြောင်းသတင်းရ ရှိသည်

ဝန်ကြီးသည် ဝန်ကြီးချုပ်ဆိုသည်မှာ ရာထူးမဟုတ် ဘဲတာဝန်တခုသာဖြစ်ကြောင်း အလွန်ကြီးတဲ့တာဝန်တခုကို ပြည်သူအတွက်ထမ်းဆောင်ရမှာဖြစ်တဲ့အတွက် မိမိနှင့် ကျေးဇူးတင်ကြောင်း  ပြီးခဲ့တဲ့အချိန်များမှာ ဧရာဝတီတိုင်းဟာ ဖွံဖြိုးတိုးတက်မူနည်းတယ်လို့ ၎င်းအနေနဲ့ တွေ့မြင်ရပါကြောင်း ဖွံဖြိုးမူနည်းတဲ့အတွက် ပြည်သူတွေဆင်းရဲမူများတယ်လို့ သုံးသပ်မိပါကြောင်း  ဆင်းရဲမူလျှော့ချနိင်ရန်အတွက်ဧရာဝတီတိုင်းမှာစီးပွားရေးဖွံဖြိုးတိုးတက်အောင်လုပ်ရ မည်လို့ မြင်ကြောင်း  ၎င်းအနေနှင့်  ဧရာဝတီတိုင်းသည် ရေခံမြေခံရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်လယ်ယာကိုင်းကျွန်းတွေနဲ့ရင်းနှီးကာ စီးပွားရေးကို ပြန်လည်ဦးဆောင် အကောင်အထည်ဖော်မည်ဟု လွှတ်တော်တွင် ယခင်က အဆိုတင်သွင်းဖူးပါကြောငိးမိမိအဆိုတင်သွင်းသည့်အကြောင်းအရာများကိုလည်းမီဒီယာများကို ဖြေကြားခဲ့ဖူးပါကြောင်း

အဓိကအနေနှင့် မောင်းနှင်ရမှာက လွှတ်တော်၊ အစိုးရဌာနဆိုင်ရာနဲ့ ပြည်သူများဖြစ်ပါကြောင်း ပန်းတိုင်ရှိရာကိုမျက်နှာမူပြီး တက်ညီလက်ညီ လှော်ခတ်ကြရင် ပန်းတိုင်ကိုရောက်မှာဖြစ်ပါကြောင်း အများပြည်သူအတွက်အလုပ်လုပ်ခွင့်ရအောင် မိမိတို့အနေဖြင့် ဖြတ်သန်းခဲ့ရတဲ့ဘဝတွေ များကြောင်း  တချိန်က မိမိတို့ကို အားကိုးရမည်ထင်ဟု ပြည်သူကထောက်ခံခဲ့လို့ ဒီအစိုးရ၊ ဒီလွှတ်တော်၊ ဒီအဖွဲ့တွေဟာ ပြည်သူတွေအတွက်အားကိုးရတဲ့လူတွေဖြစ်အောင်  ကြိုးစားရန်လိုပါကြောင်း ဧရာဝတီတိုင်းဝန်ကြီးချူပ်ဦးလှမိုးအောင်မှ လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်

သတင်းဓာတ်ပုံ ရွှေရည်ဝင်း

No comments:

Post a Comment