Latest News

Saturday, January 20, 2018

MAZE




လူသိနည်းတဲ့ တကဲ့ အဖြစ်အပျက်ပါ။အိုင်ယာလန် တော်လှန်ရေးသမားတွေကို အင်္ဂလိပ် တွေ က ဖမ်းပြီး MAZE. အကျဉ်းထောင်ထဲ ထည့်ထားကြတာပေါ့။၁၉၈၃ခုနှစ်ကပါ။ထောင်ထဲ မှာ IRA ခေါ် တဲ့အိုင်ယာလန် တော်လှန်ရေးသမားတွေ က နှစ်ခြမ်း ကွဲနေတယ်။အင်္ဂလန် အစိုးရ နဲ့ပေါင်းပြီး အိုင်ယာလန် လွတ်လပ်ရေး အရယူမယ် ဆိုတဲ့ အဖွဲ့ရယ်၊ ဆော်မယ်.ချမယ်.ဆိုတဲ့ အဖွဲ့ရယ် နှစ်ဖွဲ့ ကွဲနေတာပါ။

အဲသည်မှာ ထောင်ဖောက်ပြေးဖို့ ကြံ ကြတဲ့အခါ ၊ပါမဲ့လူရော မပါမဲ့လူရော ကွဲကြပါလေရော။တကဲ့နိုင်ငံရေးသမား လယ်ရီမာလေး က အကျဉ်းထောင်အာဏာပိုင်တွေ နဲ့ပေါင်းတယ်။ပြီးတော့ သက်သာအောင် နေတယ်။ကျန်တဲ့အကျဉ်းသားတွေကိုပါ သက်သာခွင့်ရအောင်လုပ်ပေးတယ်။ထောင်ထဲ ဘီယာသောက်ရအောင်တောင် သူစွမ်းဆောင်နိုင်ပါတယ်။ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေက သူ့ကို သစ္စာဖောက်ကြီး လို့ ခေါ်ပါတယ်။

ကျွန်တော်တို့ ထောင် ထဲ ရောက်နေတုန်းကလဲ ဒါမျိုးတွေ ကြုံခဲ့ရတာပါပဲ။နှစ်ခြမ်းသုံးခြမ်းကွဲ ခဲ့ ကြတာပဲလေ။ထောင်အာဏာပိုင်နဲ့ပေါင်းတဲ့လူတွေ လဲ ရှိ၊ ဆန့်ကျင်သူတွေလဲ ရှိ၊ ကိုယ့်အချင်းချင်း ချနေကြသူတွေလဲ ရှိတယ်။

ခုတော့ သည် MAZE အကျဉ်းထောင်ကြီးထဲမှာ ထောင်ဝန်ထမ်းတွေကို ဖမ်းပြီး.ထောင်ထဲက ထွက်ပြေးဖို့ ကြံ ကြပါပြီ။ မလိုက်ဖူး မပူးပေါင်းဖူး.ဆိုပြီး ထောင်ထဲ မှာ နေခဲ့သူတွေလဲ ရှိနေပြန်ပါတယ်။အသည်းယားစရာကောင်းလောက်အောင်မညီညွတ်ကြတာ တွေ့ရပါတယ်။

ဒီလိုနဲ့ အကျဉ်းသား ၃၈ယောက် လွတ်သွားခဲ့ပါတယ်။၁၉ယောက် က အသေ ပြန်မိပါတယ်။ကျန်တဲ့ သူတွေက ထွက်ပြေးလိုက်ကြတာ နယ်သာလန်၊ အမေရိကန် နဲ့ ဆွစ်ဇာလန်တို့မှာ ပြန်မိလေတယ်။နိုင်ငံရေးသမားကြီး လယ်ရီမာလေးကတော့ ထောင်ထဲ မှာကျန်ခဲ့ပါတယ်။ ၁၉၈၆ခုနှစ်မှာ လွတိမြောက်တော့ IRA နဲ့တွဲ ပြီး အိုင်ယာလန် လွတ်မြောက်ရေးကိုဆက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ကို သစ္စာဖောက်လို့ စွပ်စွဲခဲ့သူတွေ က သူ့ကိုလုပ်ကြံ သတိဖြတ်ခဲ့ပါတယ်။

ဒီ ရုပ်ရှင်ကို ကြည့်ရတာ သံဝေဂ မျိုးစုံ ရ မိပါတယ်။ တိုင်းပြည်နဲ့လူမျိုး အတွက် ဆိုသူတွေက ပရုတ်ဆီ အဝိုင်းခံရတဲ့ပုရွက်ဆိတ်တွေလိုဖြစ်ခဲ့ရတာ စိတ် မချမ်းမြေ့စရာ။ပြီးတော့တခါ ထောင်ကလွတ်လာပြန်တော့လဲ သူနဲ့မတွဲဖူး ငါနဲ့မပေါင်းဘူးဆိုပြီး အချင်းချင်း ပြန်လုပ်ကြံ ကြပြန်ပါလေရော။တကယ်လို့များ အင်းစိန်ထောင်ထဲက အကြောင်းတွေ ရိုက်ခွင့်ရခဲ့ရင် စာဥ အော်ပရေးရှင်းကနေ စရမယ် ထင်ပါရဲ့။တစ်နေ့တော့ ဖြစ်ရမှာပေါ့လေ။
ဇာဂနာ

No comments:

Post a Comment