Latest News

Friday, January 26, 2018

မြ၀တီမြို့တွင် Lincorn အမျိုးအစား အိမ်ရှည်ကားဖြင့်မဆင်မခြင်မောင်းနှင်မှုကြောင့် ရပ်ထားသောကားများအားတိုက်မိသဖြင့် အမှုဖွင့်လှစ်အရေးယူ

မြ၀တီမြို့တွင် Lincorn အမျိုးအစား အိမ်ရှည်ကားဖြင့်မဆင်မခြင်မောင်းနှင်မှုကြောင့် ရပ်ထားသောကားများအားတိုက်မိသဖြင့် အမှုဖွင့်လှစ်အရေးယူ

မြ၀တီ၊ ဇန်န၀ါရီ၂၅

မြ၀တီမြို့တွင် Lincorn အမျိုးအစား အိမ်ရှည်ကားဖြင့်မဆင်မခြင်မောင်းနှင်မှုကြောင့် ရပ်ထားသောကားများအားတိုက်မိသဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း မြ၀တီမြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ(၂၅)ရက်နေ့ ၊ နံနက်(၀၁း၄၀)အချိန်တွင် အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်စုမှ ရဲအုပ်စည်သူဆွေသည် တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရဲတပ်ကြပ် လှမင်းထွန်း၊ ရဲတပ်ကြပ်ထွန်းထွန်းဝင်း၊ ရဲဒုတပ်ကြပ်တင်ထွန်းအောင်၊ သက်သေများနှင့်အတူသွားရောက်စစ်ဆေးကြည့်ရှုရာ ဘုရင့်နောင်လမ်းမကြီးအတိုင်း (အနောက်မှအရှေ့)ချစ်ကြည်ရေးတံတားဘက်သို့ ယာဉ်မောင်း ရဲမာန်(ခ)ရဲမောင်ဝင်း(၂၉)နှစ်၊ မွေးမြူရေးလုပ်ငန်း၊ ရွာသစ်ကျေးရွာ၊ အပိုင်း(၃)ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူမောင်းနှင်သော 4H----- နံပါတ်တပ်ဆင်ထားသည့် LINCORNအမျိုးအစား အဖြူရောင်ယာဉ်(ယာဉ်လိုင်စင်/ယာဉ်မောင်းလိုင်စင် စုံစမ်းဆဲ)မော်တော်ယာဉ်သည် မြ၀တီမြို့၊ အမှတ်(၄)ရပ်ကွက်၊ "အားသစ်"စိန်ရွှေရတနာဆိုင်ရှေ့အရောက်တွင် လာရာလမ်းအတိုင်း U Turn ပြန်လည်ကွေ့ရာ မိမိကားဘော်ဒီအရှည်ကိုမထိန်းနိုင်ဘဲ "အားသစ်"စိန်ရွှေရတနာဆိုင်ရှေ့တွင်ရပ်နားထားသော 6I-4032 နံပါတ်တပ် Toyota Wish (ယာဉ်ပိုင်ရှင်စုံစမ်းဆဲ)အဖြူရောင်ယာဉ် ၏ ရှေ့ဝဲဘက်ခြမ်းအား ၀င်ရောက်တိုက်မိမှုဖြစ်ပွာခဲ့သဖြင့် 6I----- Toyota Wish အဖြူရောင်ယာဉ်မှာ ရွေ့သွားခဲ့ပြီး ယာဘက်ဘေးတွင်ရပ်နားထားသည့် ၈င/---- နံပါတ်တပ်ဆင်ထားသည့် Nissan Serena(ယာဉ်ပိုင်ရှင်စုံစမ်းဆဲ)အဖြူရောင်ယာဉ်၏ ၀ဲဘက်ဘေးတံခါးနှင့်ထပ်မံတိုက်မိခဲ့ကြောင်းသိရသည်။အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် 4H----Lincorn ယာဉ်နောက်ဘန်ဘာ ပြုတ်ထွက်/ပွန်း၊ ယာဘက်နောက်မီးလုံးကွဲ၊ ခန့်မှန်းပျက်စီးမှုတန်ဘိုး(၂)သိန်းကျပ်၊ 6I----Wish အဖြူရောင်ယာဉ်၏ ရှေ့ဝဲဘက်ခြမ်းပျက်စီး၊ ရှေ့ဝဲဘက်မီးကြီးကွဲ၊ ရှေ့ဘန်ဘာပြုတ်ထွက်၊ ခန့်မှန်းပျက်စီးဆုံးရှုံးမှုတန်ဘိုး(၅)သိန်းခန့်၊ ၈င/---- Serena အဖြူရောင်ယာဉ်မှာ ၀ဲဘက်ဘေးတံခါးပိန်ချိုင့် ခန့်မှန်းပျက်စီးဆုံးရှုံးမှုတန်ဘိုး(၁)သိန်းခန့်၊ ၊ စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဘိုး(၈)သိန်းခန့်ဖြစ်ကြောင်းသိရသည်။

သို့ဖြစ်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ရပ်ထားသောယာဉ်များအားတိုက်မိ၍ ယာဉ်များအားပျက်စီးစေသူ 4H----- Lincorn ယာဉ်မောင်း ရဲမာန်(ခ)ရဲမောင်ဝင်းအား ဥပဒေအရ အရေးယူပေးပါရန့် မြ၀တီမြို့မရဲစခန်းက ယနေ့ နံနက်(၀၁း၅၀)နာရီတွင် အမှုဖွင့်လှစ်၍ ယာဉ်မောင်းအား ဖမ်းဆီးကာစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။တင်ဝင်းလှိုင်(ကော့ကရိတ်)မြန်​မာ့အလင်း

No comments:

Post a Comment