Latest News

Friday, January 26, 2018

ယခင်ကြက်​ပျောက်သည့်ကိစ္စနှင့်စကားများရာမှလင်မယားနှစ်ယောက်အားရဲဒင်းဖြင့်ခုတ်သတ်

ယခင်ကြက်​ပျောက်သည့်ကိစ္စနှင့်စကားများရာမှလင်မယားနှစ်ယောက်အားရဲဒင်းဖြင့်ခုတ်သတ်
Photo Credit
နတ်တလင်းဇန္နဝါရီ၂၇ရက်

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်နတ်တလင်းမြို့နယ်အောင်ရတနာကျေးရွာအုပ်စုနွားတဲကုန်းရွာနေဦးစံရင်၆၄နှစ်သည်ဇန္နဝါရီလ၂၆ရက်နေ့နံနက်၈နာရီခွဲအချိန်တွင်နေအိမ်၌ရှိနေစဉ်နွားကျကုန်းတောင်ယာနေဦးတင်စိုးမှသားဖြစ်သူတင်းမင်း၃၃နှစ်နှင့်ချွေးမဖြစ်သူမမြနွယ်၃၄နှစ် နွားကျကုန်းတောင်ယာဆီဆုံကုန်းကျေးရွာအုပ်စုနေသူတို့မှာ၎င်းတို့နေထိုင်ရာတဲအနီးတွင်ဒဏ်ရာများဖြင့်သေဆုံးနေကြောင်းဖုန်းဆက်အကြောင်းကြားသဖြင့်သွားရောက်ကြည့်ရှုရာသားဖြစ်သူတင်မင်းမှာတဲ၏အရှေ့ဘက်ပေ(၃၀)ခန့်အကွာတွင်နှာခေါင်းရိုးမှယာဘက်မျက်လုံးအထိနှင့်ယာဘက်မျက်ခုံးတို့တွင်ဒဏ်ရာတစ်ချက်စီရရှိပြီးယာဘက်ဂျိုစောင်းနှင့်အောက်နှုတ်ခမ်းတို့တွင်ဒဏ်ရာနှစ်ချက်စီနှင့်
၎င်းချွေးမဖြစ်သူမမြနွယ်မှာတဲ၏လှေကားနှင့်၃ပေခန့်အကွာတွင်
လည်ဂုတ်-ယာလက်ပြင်နှင့်လည်ဂုတ်မှကျောရိုးအထိဒဏ်ရာများတစ်ချက်စီဖြင့်ရရှိကာသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်တောင်ညိုရဲကင်းစခန်းသို့တိုင်တန်းရာအခင်းဖြစ်အရပ်သို့စခန်းမှုးရဲအုပ်ကျော်မင်းသန်းနှင့်တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူအခင်းဖြစ်အရပ်သို့သွားရောက်ကြည့်ရှုစစ်ဆေးရာဆီဆုံကုန်းအုပ်စုခေါင်းထစ်တောယာနေစန်းဦး၅၂နှစ်နှင့်သားဖြစ်သူဘိုအောင်၂၅နှစ်တို့မှာဇန္နဝါရီလ၂၅ရက်နေ့ည၇နာရီခန့်အချိန်တောင်ယာခုတ်၍အရက်သောက်စားပြီးပြန်လာရာအပြန်လမ်းတွင်တင်မင်းတဲအနီးလှည်းလမ်းမှနေ၍ဘိုအောင်ကတင်မင်းလင်မယားအားယခင်အချိန်ကကြက်ပျောက်သည့်ကိစ္စအတွက်စကားများခဲ့သည်ကိုမကျေနပ်သဖြင့်စောင်းမြောင်းဆဲဆိုခြင်းအားကြားရ၍တင်မင်းလင်မယားနှင့်အပြန်အလှန်စကားများရန်ဖြစ်ပြီးစန်းဦးသားအဖမှအသင့်ပါလာသောရဲဒင်းဖြင့်ခုတ်သတ်
ခဲ့ကြောင်းသေဆုံးသူတို့၏အတူနေသမီးဖြစ်သူမပန်းအိဖြူ(၉)နှစ်
မှပြောပြသိရှိရသဖြင့်သားနှင့်ချွေးမကိုသတ်သွားသောစန်းဦးသားအဖအားအရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းရာတောင်ညိုရဲကင်းစခန်းကအရေးယူဆောင်ရွက်ပြီးတရားခံများအမြန်ဆုံးဖမ်းဆီးရမိရေးအတွက်စုံစမ်းမှုများလုပ်ဆောင်နေကြောင်းသိရသည်။
တင်မြင့် နတ်တလင်း(မြန်​မာ့အလင်း)

No comments:

Post a Comment