Latest News

Friday, January 19, 2018

ပုသိမ်ကမ်းနားဈေးတွင်FDAမှရှောင်တခင်စစ်ဆေးခဲ့ရာမျှင်ငပိတွေပန်းရောင်ဆိုးဆေးတွေ့ရှိ

ပုသိမ်ကမ်းနားဈေးတွင်FDAမှရှောင်တခင်စစ်ဆေးခဲ့ရာမျှင်ငပိတွေပန်းရောင်ဆိုးဆေးတွေ့ရှိ

ပုသိမ် ဇန်နဝါရီလ၁၉ရက်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်၂ရပ်ကွပ်ရှိ ကမ်းနားဈေးတွင် ဧရာဝတီတိုင်းဒေသကြီးမြန်မာ နိုင်ငံစားသောက်ကုန်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှဦးစီးပြီးယနေနံနက်ပိုင်းအချိန်ကဈေးရှိစားသုံးကုန် နှင့် အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များအား
 ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာတားမြစ်ထားသည့် ဆိုးဆေးသုံးထားသော မျှင်ငပိ များကို တွေ့ရှိခဲ့၍ အရေးယူ သိမ်းဆည်း ဖျက်ဆီးခဲ့ ကြောင်း သတင်းရ ရှိသည်

 ငြုပ်မှုန့် နနွင်းမှုန့်  အသင့်စားယိုစုံ နှင့် သရေစာမှုန့်အမျိုးမျိုး  ငါးခြောက် ပုဇွန်ခြောက် ငံပြာရည် ငါးချဉ် ပုစွန်ချဉ် မုန်ဟင်းခါး ညှပ်ခေါက်ဆွဲ ခေါက်ဆွဲခြောက် ၊ လက်ဖက် မျိုးစုံ ၊ လက်ဖက်ခြောက်၊ ရေသန့် စသည့် စားသောက်ကုန် ၂၅ မျိုး နှင့်  အလှကုန်ပစ္စည်း နုတ်ခမ်းနီဆိုးဆေး ၄မျိုးကိုစစ်ဆေးချက်ရှိသည်

ခေါက်ဆွဲဖက် မုန့်ဟင်းခါးဖက် ပဲပြား ဘဲသွေးကြက်သွေး မျှင်ငပိနမူနာ၃မျိုးဆီကို စစ်ဆေးလျက်ရှိရာ မျှင်ငပိနာမူ့နာ၃မျိုးတွင်တစ်မျိုးမှာစားသုံးရန်မသင့်သည့် ဆိုးဆေးတွေ့ရှိခဲ့သည် ကျန်ကုန်ပစ္စည်းများမှာ တခြားတိုင်းမြို့များတွင်စစ်ဆေးသကဲ့သို့ ဖော်မလင်လုံးဝမတွေ့ရှိခဲ့ဘူးဟု ဧရာဝတီတိုင်းဒေသကြီးမြန်မာ နိုင်ငံစားသောက်ကုန်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမျိုးထွန်းကျော်ထံမှသိရသည်

"ကျွန်တော်တို့တခါထဲစစ်ဆေးခဲ့တဲ့အခါမှာ ပဲပြား ခေါက်ဆွဲဖက် ကြက်သွေးဘဲသွေး နှင့်တခြားငရုပ်သီးမှူန့်တွေမှာ ဆိုးဆေးမတွေ့ခဲ့ပါဘူး ဒါပေမဲ့ မျှင်ငပိမှာတော့ Rhodamine-Bလို့ခေါ်တဲ့ စားသုံးရန်မသင့်တဲ့ ပန်းရောင်ဆိုးဆေးတွေ့ရှိတယ် ဒါကြောင့် စစ်ဆေးတွေ့ရှိခဲ့တဲ့ မျှင်ငပိတစ်ပိသာနီးပါးကို စည်ပင်သာယာရေးအဖွဲ့ကိုအပ်နှံပြီးသူတို့ကလုပ်ထုံးလုပ်နည်းအတိုင်းဖျက်စီးမှတ်တမ်းတင်သွားမှာပါ အရင်က ပုသိမ်မြို့မှာပဲပြားမှာဖော်မလင်တွေ့ရှိပေမဲ့  အရေးယူပြီးနောက်ပိုင်းမှာ ခုမတွေ့တော့ပါဘူး"ဟုဒေါက်တာမျိုးထွန်းကျော်မှတိုင်းဧရာကိုပြောသည်

ပန်းရောင်ဆိုးဆေးပါသည့်မျှင်ငပိရောင်းချသူထံမှာ ပင်းယင်းဆိုင်ဟုပြောသည့် မြိုမဈေးဆိုင်တွင်ငပိရောင်းချနေသည့် ဈေးဆိုင်များကိုစစ်ဆေးလျက်ရှိရာ ထိုသူတို့ထံမှ ဝယ်ယူပြီးရောင်းချခြင်းမပြုဘူးဟုငြင်းဆိုခဲ့ကြ၍မျှင်ငပိနမူနာများကိုစစ်ဆေးရန်အတွက်သိမ်းဆည်းလာသည်ဟု၎င်းမှဆက်လက်ပြောကြားသည်

"ကမ်းနားဈေးမှာဆိုးဆေးတွေ့တဲ့ဆိုင်ကို မေးလိုက်တော့မြို့မဈေးက သူတို့ယူရောင်းပါပြောတယ်  မြို့မဈေးကငပိရောင်းတဲ့ဆိုင်တွေကသူတို့ဆီကယူမရောင်းဘူးပြောတယ် ဒါကြောင့်နမူနာယူပြီးစစ်ဆေးမှာပါpositiveတွေ့ခဲ့ရင်လိုအပ်တဲ့သိမ်းဆည်းမူ့တွင်ဆက်လက်လုပ်ဆောင်သွားမည်"ဟုဒေါက်တာမျိုးထွန်းကျော်မှတိုင်းဧရာကိုပြောသည်

၂၀၁၇ခုနှစ် ၁၀လပိုင်းကဟင်္သာတမှာသွားရောက်စစ်ဆေးခဲ့စဉ် ပဲပြားတွင် ဖော်မလင်တွေ့ရှိခဲ့ရ၍လုပ်ငန်းတလပိတ်ပင်အရေးယူခဲ့ရာ တလပြည့်သည်နေ့တွင် ၎င်းပဲပြားများကို ရောင်းချနေသည့်တွေ့ရှိရသဖြင့် ၆လပိတ်ပင်အရေးယူခဲ့ကြောင်းလက်ရှိတွင်ပိတ်ထားဆဲဖြစ်ကြောင်း၎င်းမှရှင်းလင်းပြောဆိုသည်

လက်ရှိတွင် မြန်မာနိုင်ငံစားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဆိုးဆေးတွေ့ရှိထားသည့်မျှင်ငပိ ပင်းယင်းကိုဖော်ထုတ်အရေးယူသွားမည်ဖြစ်ပြီးလိုအပ်ပါကသက်ဆိုင်ရာများနှင့်ပူးပေါင်းဖြေရှင်းဆောင်သွားမည် ဟုသတင်းရ ရှိသည်

Rhodamine-Bဟုခေါ်ဆိုသည့် ပန်းရောင်ဆိုးဆေးပါသည့်မျှင်ငပိများကိုရှည်တိုစားသုံးမိပါက ပျို့အန်ခြင်း ဝမ်းပြက်ဝမ်းလျောဖြစ်ခြင်း သွေးအန်ခြင်း ဗိုက်အောင်ခြင်းများဖြစ်ပြီးရှည်ရည်စားသုံးမိပါကအစာအိမ်ရောဂါနှင့် အသည်းရောဂါဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးမြန်မာ နိုင်ငံစားသောက်ကုန်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလက်ထောက်ညွန်ကြားရေးမှူးဒေါက်တာမျိုးထွန်းကျော်ကပြောသည်

ရွှေရည်ဝင်း

No comments:

Post a Comment