Latest News

Friday, January 19, 2018

ရာထူးကနေနုတ်ထွက်ခဲ့တဲ့ မန်းဂျော်နီ အိမ်အပြန်



ဧရာဝတီတိုင်းဝန်ကြီးချုပ်အဖြစ် (၂၁) လကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မန်းဂျော်နီဟာ ကျုံပျော်မြို့က အိမ်ကို ပြန်ရောက်ပါပြီ
မန်းဂျော်နီရဲ့ သားဖြစ်သူ ကိုဇာနည်မောင်မောင်ကျော်က “သူခေါင်းပေါ့သွားတာပေါ့၊ အခုလောလောဆယ်တော့ သူဒီကျုံပျော်မှာပဲနေမယ်၊ ကျမ်းကျိန်ရမယ့် အချိန်ကျရင်သွားပြီးတော့ ဝန်ကြီးချုပ်လွဲပြောင်းချိန် သူတက် သွားမယ် အဲဒါပြီးရင်တော့ လွှတ်တော်ရှိရင် လွတ်တော်တက်မယ် လွှတ်တော်မရှိဘူးဆိုရင်တော့ သူရဲ့မဲဆန္ဒ နယ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေကို လွှတ်တော်မှာ ထပ်ပြီး တော့တင်ပြမယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမန်းဂျော်နီက ကျန်းမာရေးအခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်တာဖြစ်တယ်လို့ ဒီလ ၁၂ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
Kumudra
author မေစုကြည်
photo မန်းဂျော်နီ facebook






















No comments:

Post a Comment