ကချင်ပြည်နယ် မိုးကောင်းမြို့တွင် မိန်းကလေးတစ်ဦးအား Facebook လူမှုကွန်ယက်ပေါ်တွင် ညစ်ညမ်းပုံများတင်၍ ငွေ ၁၀ သိန်းတောင်းခံမှုဖြစ်ပွားခဲ့၍ မိုးကောင်းမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း မြို့မရဲစခန်းမှုး ဒုတိယရဲမှူးသန်းထိုက်ထံမှ သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးထံသို့ ဖုန်းနံပတ် ၀၉၄၂၇၃၃၉၆၄၄ ကိုင်ဆောင်သူ အမည်နှင့်နေရပ်လိပ်စာမသိ အမျိုးသားတစ်ဦးမှ အဆိုပါရုံးဝန်ထမ်းအမျိုးသမီးထံ ဖုန်းဆက်၍ Facebook လူမှုကွန်ယက်စာမျက်နှာတွင် ၎င်း၏ညစ်ညမ်းဓာတ်ပုံများ တင်ထားကြောင်း ငွေ ၁၀ သိန်းကျပ်ပေးပါက ပြန်ဖျက်ပေးမည်ဖြစ်ကြောင်း၊ပိုက်ဆံမပေးပါက ဆက်လက်ပြီးညစ်ညမ်းပုံများ တင်နေမည်ဖြစ်ကြောင်း ခြိမ်းခြောက်စာများပို့ပြီး ငွေတောင်းခံမှုကြောင့် ဇန်နဝါရီ၁၁ရက်နေ့တွင် မိုးကောင်းမြို့မရဲစခန်းသို့ အချက်အလက်အပြည့်အစုံနှင့် တိုင်တန်းခဲ့သဖြင့် အဆိုပါခြိမ်းခြောက်ငွေတောင်းသူအား စုံစမ်းဖော်ထုတ်နိုင်ရန် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စာရင်းသွင်းအရေးယူထားကြောင်း မြို့မရဲစခန်းမှူးထံမှ သိရသည်။ဝင်းနိုင် ကချင်မြေ(မြန်မာ့အလင်း)
No comments:
Post a Comment