Friday, January 12, 2018
ဝန်ကြီးချုပ် နာမည်နဲ့  လုပ်စားတဲ့  ဆွေမျိုးသားချင်းရှိရင် အချုပ်ထဲထည့်ပစ်မယ်လို့ မန်းဂျော်နီပြောဆို
ဝန်ကြီးချုပ် နာမည်နဲ့  လုပ်စားတဲ့  ဆွေမျိုးသားချင်းရှိရင် ၄င်းကိုယ်တိုင် ဖမ်းဆီးအချုပ်ထဲထည့်ပစ်မယ်လို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ပြောဆိုလိုက်ပါတယ်။
ဇန်န၀ါရီလ (၁၂)ရက်နေ့ က အစိုးရရုံးအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းမှုကို အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
“အခုဧရာဝတီ သတင်းထောက်များပါသလား။ အဲလိုလုပ်တဲ့သူကိုပြောပါ။ ငါအခု သွားဖမ်းပြီးအခုထောင်ထဲ ထည့်မယ်။ ငါ့ဆီမှာ အခုအချိန်ထိ စီးပွါးရေးကိုလုပ်နိင်တဲ့  သူဆိုတာမရှိဘူး “လို့ ၎င်းကပြောပါတယ်။
သတင်းဌာနတစ်ခုမှာဖော်ပြထားတာကနုတ်ထွက်ရတဲ့ အကြောင်း ထဲမှာဝန်ကြီးချုပ်၏ ဆွေမျိုးတွေစီးပွါးရေးကို မထိန်းချုပ်နိုင်ဘူးလို့ ရေးသားထားပါတယ်။ အဲဒါကို ၀န်ကြီးချုပ်သားကလဲ ပြန်ရှင်းထားပေမဲ့ 
"အန်ကယ်အနေနဲ့ ရောဘာပြောချင်တာရှိလဲ" လို့  မေးမြန်းခဲ့ တာပါ။
ဆွေမျိုးများရဲ့ စီးပွါးရေးလုပ်ငန်းကို ထိမ်းသိမ်းနိုင်ခြင်းမရှိကြောင်းNLD အစိုးရနှင့်နီးစပ်သူတစ်ဦးကပြောဆိုတဲ့စွပ်စွဲချက်ကို ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့ပြီး သိပ်မကြာခင်မှာထိုရေးသားချက်ကို ပြန်
ဖျက်သွားခဲ့တာဖြစ်ပါတယ်။
မျိုးမင်းပိုင်
ဝန်ကြီးချုပ် နာမည်နဲ့  လုပ်စားတဲ့  ဆွေမျိုးသားချင်းရှိရင် အချုပ်ထဲထည့်ပစ်မယ်လို့ မန်းဂျော်နီပြောဆို
Reviewed by Ar Ti
on
6:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment