Latest News

Friday, January 12, 2018

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာ၏ ပြောင်းရွှေ့ကြေး မြင့်တက်လာဖွယ်ရှိ

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာ၏ ပြောင်းရွှေ့ကြေး မြင့်တက်လာဖွယ်ရှိ

ပရီမီယာလိဂ်ကလပ် လီဗာပူး    အသင်းသည်    တောင်ပံ တိုက်စစ်     ကစားသမား   ကော်တင်ညိုအား  ဘာစီ လိုနာအသင်းသို့ ရောင်းချ ခဲ့ပြီးနောက်  ဂျူဗင်တပ်စ် တိုက်စစ်မှူး   ပါယူလို  ဒိုင် ဘာလာ၏   ပြောင်းရွှေ့ကြေး ပမာဏမှာလည်း ပိုမိုမြင့်မားလာ နိုင်ကြောင်း အီတလီသတင်းစာများ တွင် ရေးသားဖော်ပြထားသည်။

လီဗာပူးအသင်းသည်  ဘရာဇီးတောင်ပံ တိုက်စစ်ကစားသမား ကော်တင်ညို (၂၅နှစ်) အား ပြီးခဲ့သည့် စနေနေ့တွင် ဘာစီလိုနာ အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ကော်တင် ညိုသည် ကမ္ဘာ့ဒုတိယမြောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားဖြစ်လာ ခဲ့သူ ဖြစ်သည်။

လီဗာပူးအသင်းက တောင်ပံကစားသမား ကော်တင်ညိုအား ပြောင်းရွှေ့ကြေး ပမာဏ အများအပြားဖြင့် ရောင်းချခဲ့ခြင်းကြောင့် ဂျူဗင်တပ်စ်အသင်း တာဝန်ရှိ သူများကလည်း အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သူ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာ၏ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၁၅ဝ ကျော် သတ်မှတ်နိုင်ကြောင်း အီတလီသတင်းစာ  Tutto Sport   က ရေးသားဖော်ပြခဲ့ခြင်း ဖြစ်သည်။
အသက် (၂၄နှစ်)အရွယ်ရှိ တိုက်စစ်မှူး ဒိုင်ဘာလာအား ပရီမီယာလိဂ်ကလပ် မန်ယူအသင်းက ခေါ်ယူရန် ဆက်သွယ်ကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိသည်။ သို့သော် လည်း  ဂျူဗင်တပ်စ်အသင်း  အားကစားဒါရိုက်တာ  မာရော့တာက  တိုက်စစ်မှူး ဒိုင်ဘာလာအား ရောင်းချသွားရန် မရှိကြောင်း အခိုင်အမာ ပြောဆိုထားသည်။
''ဇန်နဝါရီဈေးကွက်ကာလအတွင်းမှာ  ကလပ်အသင်းတွေအနေနဲ့  အသင်းကို ပြင်ဆင်အားဖြည့်ခွင့်ရကြပါတယ်၊  ဂျူဗင်တပ်စ်အသင်းကတော့  ကံကောင်းစွာနဲ့ နေရာတိုင်းမှာ ပြီးပြည့်စုံပြီးသားဖြစ်နေတယ်၊ ဒိုင်ဘာလာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောင်းရွှေ့ ကြေး သတ်မှတ်ထားခြင်းမရှိပါဘူး၊ သူ့ကို ဈေးကွက်တင်ရောင်းချဖို့လည်း ကျွန်တော်တို့ ရည်ရွယ်ချက်မရှိဘူး''ဟု မာရော့တာက ပြောဆိုခဲ့သည်။

တိုက်စစ်မှူး ဒိုင်ဘာလာသည် ၂ဝ၁၅ ခုနှစ် နွေရာသီဈေးကွက်ကာလ အတွင်းတွင် ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ကြေး ယူရို ၃၂ သန်းဖြင့် ပြောင်းရွှေ့ လာသူဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဧပြီလအတွင်းတွင် ဂျူဗင်တပ်စ်အသင်းနှင့် ၂ဝ၂၂ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုခဲ့သူဖြစ်သည်။ ထက်အောင်(မြန်​မာ့အလင်း)

No comments:

Post a Comment