Latest News

Tuesday, January 2, 2018

လွှတ်တော်ထဲက မင်းသားကြီး နှတ်ထွက်စာတင်တဲ့ နောက်ကွယ်မှာဘာတွေရှိလဲ

လွှတ်တော်ထဲက မင်းသားကြီး နှတ်ထွက်စာတင်တဲ့ နောက်ကွယ်မှာဘာတွေရှိလဲ

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်  ကျင်းပပြီဆိုတာနဲ့  ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေ အဆိုတွေကို
အများဆုံးဖြေဆိုပေးရသူ က အစိုးရအဖွဲ့  စိုက်ပျိုးရေးမွေးမြူရေး ၀န်ကြီး ဦးဘဟိန်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အများက လွှတ်တော်ထဲက မင်းသားကြီးလို့  ခေါ်ဆို ကြသလို့ စိုက်ပျိးရေးပညာရှင်
တစ်ယောက်ဖြစ်တာမို့  ဆရာကြီး လို့ လူသိများပါတယ်.။

ဧရာဝတီတိုင်းဒေသကြီးလို လယ်ယာမြေ ပြဿနာတွေ များစွာရှိတဲ့  တိုင်းဒေသကြီးတစ်ခုမှာ
စိုက်ပျိုးမွေးမြူရေးဝန်ကြီး အဖြစ်တာဝန် ယူ ရသူတစ်ယောက်ရဲ့ တာဝန်က ကြီးလေးပါတယ်။

ဒါကို သူကိုယ်တိုင်လည်း တာဝန်ယူစဉ်တည်းက သတိပြုမိပါတယ်.။
ဒီလို လယ်ယာမြေ ပြဿနာတွေ များစွာရှိတဲ့  တိုင်းဒေသကြီးတစ်ခုမှာ တာဝန်ယူရတာကို စိုးရိမ်မှုရှိလား
လို့  မီဒီယာတွေ မေးခဲ့ စဉ်တုန်းက “မီးခဲတော့ မီးခဲကြီးပဲ ဒါပေမဲ့  ကိုင်ရမှာပဲလို့ ”သူကဆိုပါတယ်။
ဝန်ကြီးအိပ်မက်ကဘာလဲလို့ မေးတော့ လူတန်းစားသုံးရပ်ဖြစ်တဲ့  လယ်သမား ရေလုပ်သားနဲ့  ကပ်ပါးတွေဘ၀ကို မြှင့်တင်ပေးလို တဲ့ အိပ်မက်လို့ ဆိုပါတယ်။

ဦးဘဟိန်းတာဝန်ယူစဉ်မှာ သတိထားမိတာကတော့ အင်တာဗျုးတောင်းတဲ့ ပထမဆုံး မီဒီယာသမား
တစ်ယောက်ကို မောင်းထုတ်လိုက်တာပါပဲ ။

နောက်တော့ လူတွေက မှတ်ချက်ပြုတာက ဦးဘဟိန်းက စိုက်ပျိုးရေးပညာရှင် စိုက်ပျိုးရေးပညာရှင် ဆိုတာပါပဲ ။မှတ်ချက်ပြုတာတွေမကြာခင် အင်းသားကြီးတွေက ဦးဘဟိန်းကို စတင်ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။

အဲဒီတုန်းက တစ်နိုင်တစ်ပိုင် ရေလုပ်သားငယ်တွေ အခြေခံ လူတန်းစားတွေ ဘက်က ကျွန်တော်ရပ်တည်တယ်ဆိုတာပြတာပဲလို့ မီဒီယာသမားတွေကို ဦးဘဟိန်းကတုန့် ပြန်ခဲ့ ပါတယ်။
အစိုးရသက်တမ်းကာလတစ်ခု ရောက်လာသည်နှင့်အမျှ ဦးဘဟိန်းအတွက် ပြဿနာတွေက ပုံထပ်လာသလို လယ်ယာမြေနဲ့ ပတ်သက်တာတွေ ရေလုပ်ငန်းနဲ့  ပတ်သက်တာတွေနဲ့ သက်ဆိုင်တဲ့  ဆန္ဒထုတ်ဖော်မှုတွေက တိုင်းဒေသကြီးအတွင်းမကြာခဏဆိုသလို ကြားလာရပါတယ်။

ဒီကြားထဲ ပြည်ထောင်စုအဆင့် ကနေ စုံစမ်းစစ်ဆေးရေး အဖွဲ့ တွေနဲ့  စစ်ဆေးခံခဲ့ ရပါသေးတယ်။ဒီလို စစ်ဆေးခံခဲ့ရတာက ၀န်ကြီးတစ်ယောက် အဂတိလိုက်စားလို့ တော့ မဟုတ်ပါဘူးလယ်ယာမြေပြဿနာတွေ
ကိုင်တွယ် ဖြေရှင်းရာနဲ့ ပတ်သတ်ပြီးတော့ပါ။

ပြည်သူတွေအသံတွေညံလာသလို အစိုးရအဖွဲ့  အသိုင်းဝိုင်းနဲ့  လွှတ်တော်အကြီးအကဲတစ်ချို့ ကပင် လယ်ယာမြေပြဿနာတွေဖြေရှင်းမှုကို အားမလိုအားမရဖြစ်လာပါတယ်။

ဝန်ကြီးတစ်ယောက်ပြောတာက ဆရာကြီးက စာတွေပဲရေးနေတယ် လို့ ဆိုပြီး လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ခိုင်ကတော့ မူဝါဒတစ်ခုနဲ့ သေသေချာချာ ကိုင်တွယ်မှဖြစ်မယ် ကျွန်တော်လဲ အားမရဘူး လို့ ပြောပါတယ်။

ဦးဘဟိန်းကို နိုင်ငံရေးသမားတစ်ချို့ မှတ်ချက်ပြုတာကတော့ တစ်ခါတစ်ရံပညာရှင်ဆိုတိုင်း မူဝါဒမရှိရင်အုပ်ချုပ်ရေးနဲ့  စီမံခန့် ခွဲရေးပိုင်းမှာ မလွယ်ကူဘူး။ခုက ပြောရတော်တော်ခက်တယ်။ ပညာရှင်ဆိုပြီးအရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ အခြားသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုမရှိရင် မလွယ်ဘူး။

အစိုးရသက်တမ်းကာလကလဲနှစ်နှစ်ကျော်ကြာကာလအချိန် ဖိအားတွေနဲ့ အတူ ပြဿနာတွေက မျှော်မှန်းသလောက် မဖြေရှင်းနိင်တော့တဲ့ အခါမှာ အသက်အရွယ်အားဖြင့် ခုနစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့  ၀န်ကြီး
ဦးဘဟိန်းက နုတ်ထွက်စာတင်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

အခြေနေတိုင်းကတော့ နောက်ကွယ်မှာအကြောင်းအရာတွေရှိတတ်ပါတယ်။ဒါက နောက်ကွယ်က
အကြောင်းအရာအနည်းငယ်သာပါ။
"ကျန်းမာရေးကြောင့်ပါ ။ အသက်ကလည်းကြီးပြီးကျန်းမာရေးက ချိုယွင်းနေပြီးပေါ့၊လုပ်ရတဲ့ အလုပ်ကများတော့ တာဝန်မကျေမှာစိုးလို့ နှုတ်ထွက်စာတင်တာပါ၊အခု စာစီခိုင်းထားပြီးပြီ။ နိုင်ငံတော်သမ္မတဆီတင်မှာပါ”ဟု စိုက်ပျိုးမွေးမြူးရေးသံယဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးဘဟိန်းကာMizzima ကိုပြောဆိုထားပါတယ်.။

မျိုးမင်းပိုင်

No comments:

Post a Comment