Latest News

Thursday, January 25, 2018

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်မီးလောင်မှုဖြစ်ပွား

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်မီးလောင်မှုဖြစ်ပွား
 
  ဇန်နဝါရီ(၂၅)

       ရန်ကုန်တိုငိးဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၆၇)ရပ်ကွက်ရတနာအိမ်ရာ (B)ရှိ အိမ်အမှတ်(၈၇)တွင် ဇန်နဝါရီ(၂၅)ရက် မွန်းလွဲ(၁း၁၅)နာရီ ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့သည်။

       အဆိုပါနေအိမ်မှာ RC သုံးထပ်အဆောက်အဦးဖြစ်ပြီး မီးလောင်ကျွမ်းချိန်တွင် အစောင့်တစ်ဦးသာရှိနေပြီး ပိုင်ရှင်မှာ ဦးဝင်းမောင်ဖြစ်ကြောင်သိရှိရကာ မီးတိတ်ခွေအမျိုးမျိုးနှင့် အခြားပစ္စည်းများ
သိုလှောင်သည့် အဆောက်အဦဖြစ်ကြောင်းသိရှိရသည်။
     
       မီးလောင်ကျွန်းချိန်နှင့် တပြေးညီ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ခရိုင်နှင့်တိုင်း မီးသတ်ဦးစီးဌာနတို့ပူးပေါင်းငြိမ်းသတ်ခဲ့ရာမွန်းလွဲ(၂းဝဝ)နာရီခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်ကိုရန်ပိုင်ထွန်းဒါဏ်ရာအနည်းငယ် ရရှိခဲ့သည်။

       မီးလောင်မှုဖြစ်စဉ်သို့ မြို့နယ် ခရိုင်/တိုင်းမှ မီးငြိမ်းသတ်ယာဉ်(၃၀)စီး အထောက်အကူပြုရေသယ်ယာဉ်(၁၁)စီး အုပ်ချုပ်မှုယာဉ်(၇)စီးဖြင့် မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုဖြစ်စဉ်အား Lavel
(2)ဖြစ်ကြောင်းသိရှိရသည်။

       မီးလောင်ကျွမ်းမှုမှာ လျှပ်စစ်ဝိုင်ယာ အပူလွန် ရှော့ဖြစ်ကာ လောင်ကျွမ်းခြင်းဖြစ်ကြောင်းကနဦးသတင်းရရှိပြီး ဆုံးရှုံးမှုတန်ဘိုးမှာ သိုလှောင်ပစ္စည်းနှင့် အဆောက်အဦး နှစ်ရပ်ပေါင်း ကျပ်
သိန်း(၂၆၀)ခန့် ဖြစ်ကြောင်းသိရှိရသည်။
 သတင်း-ကိုကြီးစိုး(ဆိပ်ကမ်း)မြန်​မာ့အလင်း

No comments:

Post a Comment