Latest News

Thursday, January 25, 2018

ရွှေကျင်မြို့၌ မီးပလပ်အပူလွန်ကဲရာမှမီးလောင်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး

ရွှေကျင်မြို့၌  မီးပလပ်အပူလွန်ကဲရာမှမီးလောင်မှုဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံး

ရွှေကျင် ဇန်နဝါရီ ၂၅

   ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့၊ရှမ်းကြေးရပ်ကွက်ဘောလုံးကွင်းအနီး ဂစ်တာစားသောက်ဆိုင်၌ ဇန်နဝါရီ ၂၅ ရက်နေ့ နံနက်(၃)နာရီခွဲအချိန်ခန့်က ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။ရှမ်းကြေးရပ်ကွက်ဘောလုံးကွင်းအနီးဖွင့်လှစ်ထားသော ဂီတာစားသောက်ဆိုင်အောက်ထပ်၌ထားရှိသည့် ကြားခံလျှပ်စစ်ဖြတ်စက် (SafeGuard)မပါ ရေခဲ သေတ္တာမှရေခဲခန်းအေးခဲရန်တပ်ဆင်ထားသော မီးပလပ်မှအပူလွန်ကဲ၍ နေအိမ်တွင်းဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းကာ စားသောက်ဆိုင်နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရသိရှိရသည်။မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဦးစီးဌာန မှ မီးသတ် ယာဉ် (၁)စီး၊ရေသယ်ယာဉ်(၁)စီး၊ညောင်လေးပင် နှင့် မဒေါက်မြို့များမှ မီးသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့်ဝိုင်းဝန်ငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၅ မိနစ်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင် မှုကြောင့်(၃၅ပေ ဍ္ဍ ၆ဝပေ) ခန့်ရှိ အုတ်ကာ၊ သွပ်မိုး၊ ပျဉ်ခင်း(၂)ထပ် နေအိမ်မီးလောင် ပျက်စီးသွားခဲ့ပြီး စားသောက်ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူ မခက်ဝေဝေဖူး(၂၆)နှစ် မှာ မီးလောင်ဒဏ်ရာများဖြင့်နေအိမ် အတွင်းသေဆုံးသွားခဲ့သဖြင့် ရွှေကျင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်းသိရသည်။ ကိုလွင်(ဆွာ)မြန်​မာ့အလင်း

No comments:

Post a Comment