Latest News

Thursday, January 25, 2018

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရှုခင်းများ ကြည့်ရှုနိုင်ရန် ကုန်းမြေ အတုသုံးခု တည်ဆောက်ပြီးစီး

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရှုခင်းများ ကြည့်ရှုနိုင်ရန် ကုန်းမြေ အတုသုံးခု တည်ဆောက်ပြီးစီး

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ စေတီပုထိုးများပေါ်သို့ ဘုရားဖူးခရီးသွားများ တက်ရောက်ခွင့်ပိတ် ပင်ထားပြီးနောက် ပုဂံရှုခင်းများကို ကြည့်ရှုနိုင်ရန် ကုန်းမြေအတုများ တည်ဆောက်လျက်ရှိရာ လက်ရှိတွင် ကုန်း မြေအတု သုံးခု တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း အမျိုးသား ပြတိုက်နှင့် ရှေးဟောင်း သုတေသန ဦးစီးဌာန (ပုဂံ ဌာနခွဲ) ညွှန်ကြားရေးမှူး  ဦးအောင်ကျော်ကျော်ထံမှ  သိရသည်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ စေတီပုထိုးများသည် နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်၍   စေတီပုထိုးများ၏   ခိုင်ခံ့မှုနှင့် ဝန်အားခံနိုင်မှုလျော့နည်းလာသဖြင့်  တက်ရောက်သူများ အန္တရာယ်ရှိနိုင်သောကြောင့် တက်ရောက် ခွင့်ကို ပိတ်ပင်ထားကာ ကုန်းမြေအတုများပေါ်မှ တက်ရောက်ကြည့်ရှုရန်စီစဉ်ထားခြင်းဖြစ်သည်။                              

  ''ကုန်းမြေအတု တည်ဆောက်တာ  သုံးခု ပြီးပြီ။ ထပ်ဆောက်ဖို့ ရှိ၊ မရှိ၊ နောက်ပြီး စေတီပုထိုးတွေပေါ် ပြန်တက် ခွင့်ပြု၊ မပြုက အစည်းအဝေးတွေ ပြန်လုပ်ပြီး ဆွေးနွေးရဦး မှာပါ''ဟု ဦးအောင်ကျော်ကျော်ကပြောသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီများပေါ်သို့  တက်ရောက်ခွင့်ကို တားမြစ်ထားသော်လည်း လာရာက်လည်ပတ်သူတချို့   တက်ရောက်ကြသည့်အတွက်၂ဝ၁၆ ခုနှစ်အတွင်း ဘုရားပေါ်မှ ပြုတ်ကျ၍ ဒဏ်ရာရရှိသူ  လေးဦးရှိ ကာ  ၂ဝ၁၇  ခုနှစ်အတွင်း  နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသည် မြန်မာနိုင်ငံ၏  အထင်ကရ နေရာများထဲမှ အထင်ရှားဆုံး ရှေးဟောင်း ဒေသ တစ်ခုဖြစ် သည့်အပြင်  နိုင်ငံတကာမှ  ခရီးသွားဧည့်သည်များ   စိတ်ဝင်တစား လာရောက် လည်ပတ်မှု   အများဆုံး နေရာလည်း ဖြစ်သည်။ တချို့သော ဘုရားဖူးများမှာ ဘုရားများပေါ်၌  အရက်၊  ဘီယာသောက်စားခြင်း၊ ဘုရား စေတီများ၏ အမြင့်ဆုံး နေရာများအထိ မလုံမခြုံ အဝတ်အစားများဖြင့် တက်ရောက်ခြင်းများကြောင့်  တက် ရောက်ခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment