Latest News

Saturday, January 27, 2018

တာချီလိတ်၌ သေနတ်ပစ်ဖောက်သူအား အရေးယူ

တာချီလိတ်၌ သေနတ်ပစ်ဖောက်သူအား အရေးယူ

တာချီလိတ် ဇန်နဝါရီ ၂၇

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ၌ ဇန်နဝါရီ ၂၇ရက်နံနက်ပိုင်းက သေနတ်ပစ်ဖောက်သူ အမျိုးသားတစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်။

 ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်း ရဲအုပ်ကိုကိုဦး၊ တပ်ကြပ် မျိုးညွှန့်အောင်၊ တပ်ကြပ် အောင်သိန်းဦးတို့သည် သက်သေများနှင့်အတူ ဝမ်ကောင်းရပ်ကွက် အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဝမ်ကောင်းရပ်ကွက်၊ ကချင်ရွာ ထဲတွင် သေနတ်ပစ်ဖောက်သံကြား၍ သွားရောက်စစ်ဆေးရာ ကျစေး (၃ဝ နှစ်)သည် နေအိမ်ရှေ့တွင် သေနတ်ပစ်ဖော်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး ၄င်း၏နေအိမ် အိပ်ခန်းအတွင်းမှ အနက်ရောင်ပစ္စတိုသေနတ် တစ်လက်၊ ၄င်းကျည် လေးတောင့်၊ ကျည်ခွံ တစ်ခုတို့အား တွေ့ရှိ၍ သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

 အမှုမှ တရားမဝင်လက်နက်ကိုင်ဆောင်ပစ်ဖောက်သူ ကျစေး၊ အမှတ်(၈/၆၄-ခ)ကချင်ရွာ၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment