Latest News

Saturday, January 27, 2018

ရေးမြို့နယ်ငါးဖမ်းသမားအားသတ်ခဲ့သူတွေကိုရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖေါ်ထုတ်အရေးယူလိုက်

ရေးမြို့နယ်ငါးဖမ်းသမားအားသတ်ခဲ့သူတွေကိုရဲတပ်ဖွဲ့ဝင်တွေက
စုံစမ်းဖေါ်ထုတ်အရေးယူလိုက်


ရေး  ဇန်န၀ါရီ   ၂၇

မွန်ပြည်နယ် ရေးမြို့နယ် ရေးမြစ်ဝဲကမ်းပါးငါးဖမ်းလှေပေါ်တွင် ဇန်နဝါရီ ရက်သတ္တပတ်၁ ပတ်လောက်က ချောင်းတောင်ကျေးရွာနေ ဦးဘိတ် ခစိန်တင့် မှာ အသတ်ခံရဖြစ်စဉ်ထဲမှာ လူသတ်တရားခံ၃ဦးအနက် ၂ဦးကို ရဲတပ်ဖွဲ့ဝင်တွေ ကဇန်နဝါရီ ၂၆ ရက်နေ့ က ဖမ်းဆီးအရေးယူလိုက်ပြီးလို  ရေးမြို့မရဲစခန်းထံမှ သိရပါတယ်။

ရဲတပ်ဖွဲ့မှူးရဲမှူးခင်ညို အနီးကပ်ကြီးကြပ်မှုနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့စုံစမ်းဖေါ်ထုတ်ချက်များအရ လူသတ်ပြစ်မှုဖြစ်စဉ်တွင်ပါဝင် ပတ်သက် ကြသည့်တင်မြင့် ခ  မီးခြစ် သားကြီး ခ မျိုးအောင်တို့အား ဖမ်းဆီးထားခဲ့ကာစက္က   ခ   လှထွဋ်ဦးကနေအိမ်ကနေထွက်ပြေး တိမ်းရှောင် သွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက်စုံစမ်းမှုတွေပြုလုပ် နေပါတယ်ဟု စခန်းမှူးဒုရဲမှူးအေးမြင့်က ပြောပါတယ်အခင်းဖြစ်တဲ့ ညမှာ အသတ်ခံရသူ ဦးဘိတ်ကရေးမြစ်ထဲမှ ငါးဖမ်းပိုက်ထောင်ရန်ငါးဖမ်းလှေနဲ့ လာနေစဉ် တင်မြင့် ခ မီးခြစ်  သားကြီး  ခ  မျိုးအောင် စက္ကတို့ ကွန်ပစ်ရန် စက်လှေနဲ့လာတဲ့အခါ ဦးဘိတ်က ဓါတ်မီးထိုးမိရာမှ  မကျေနပ်ရာကနေ  လှော်တတ် ဓါး ပဲ့ကိုင်ဒုတ်နဲ့ ဦးဘိတ်အားသတ်ခံတယ်လို အမှုစစ်ရဲ အရာရှိတစ်ဦးက ပြောပါတယ်။
လူသတ်မှုပြစ်မှုကျူးလွန်သူ တင်မြင့် ခ မီးခြစ်သားကြီး   စက္က  ခ လှထွဋ်ဦးတို့အား ရေးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီးမှ အခုလို ဖမ်းဆီးရမိကာ ထွက်ပြေးတိမ်းရှောင်နေသူ  စက္က ခ လှထွဋ်ဦးအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ် လို့ဆိုပါတယ်။နေမျိုးထွဋ်    ရေး(မြန်​မာ့အလင်း)

No comments:

Post a Comment