Latest News

Sunday, January 28, 2018

ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်ထိ ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ

ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်ထိ ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံများ


ဒီတစ်ပတ်မှာတော့  မတ်ပဲဈေးက  သိပ်အပြောင်းအလဲ မရှိပါဘူး။   ပဲစင်းငုံနီကတော့   ဈေးတက်လာပါတယ်။ ကြက်သွန်နီကတော့ တဖြည်းဖြည်းဈေးကျဆင်းလာပါတယ်။
မတ်ပဲ(FAQ/RC)
ဒီတစ်ပတ် ရန်ကုန် ဈေးကွက်မှာ မတ်ပဲက ဈေးအပြောင်း အလဲသိပ်မရှိပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ ဈေးက ကျဆင်းသွားပါတယ်။
အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက အသစ်တွေ ဝင်လာပြီး အရည်အသွေးကောင်းတဲ့အတွက် ဝယ်လိုအားကောင်းလို့ ဈေးကဆက်ပြီး  ကျဆင်းနိုင်ဖွယ်မရှိဘူးလို့  Agriwatch  ကတော့ သုံးသပ်ထားပါတယ်။
နေပြည်တော်ကုန်စည်ဒိုင်မှာ မတ်ပဲက တစ်အိတ်ကို ငွေကျပ် ၅၁ဝဝဝ ပေါက်ဈေးရှိပြီး ငွေကျပ် ၂ဝဝဝ လောက်ဈေး ကျဆင်းသွားခဲ့ပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ငွေကျပ် ၃ဝဝ လောက် ဈေးကျဆင်းသွားပြီး လက်ရှိပေါက်ဈေး က ငွေကျပ် ၁၈ဝဝဝ ရှိပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ငွေကျပ် ၁၇၄ဝဝ ပေါက်ဈေးရှိပြီး တစ်တင်းကို ငွေကျပ် ၆ဝဝ ဈေးကျဆင်းသွားပါတယ်။
မတ်ပဲက ပြီးခဲ့တဲ့ ကာလတူအခြေအနေမှာ တစ်တင်းကို ငွေကျပ် ၃၇ဝဝဝ ပေါက်ဈေးရှိပေမယ့် ဒီ ၂ဝ၁၈ မှာတော့ တစ်တင်းကို ငွေကျပ် ၁၇ဝဝဝ ကျော်သာ ပေါက်ဈေးရှိပါတယ်။ တစ်နှစ်အတွင်း တစ်တင်းကို ငွေ$ကျပ် ၂ဝဝဝဝ လောက်ဈေး ကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ ဈေးတက်လာပါတယ်။ နှစ်ပတ်ဆက်တိုက် ဈေးအတက်အကျ သိပ်မရှိပါဘူး၊ ပဲအသစ်တွေက ဆက်တိုက် ဝင်လာနေတဲ့အတွက် ပဲအသစ်က အဟောင်းထက် ဈေးမြင့်နေပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ပဲအသစ်တွေ ဝင်လာနေတဲ့အတွက် ဈေးကကျဆင်းနိုင်ဖွယ်ရှိပြီး လက်ရှိမှာဈေးအေးနေတယ်လို့ သိရပါတယ်။ မြန်မာဘက်ကတော့ ပဲစင်းငုံနီဈေးကို တိုးမြှင့် ရောင်းချလာတယ်လို့ သိရပါတယ်။
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက  တစ်ပိဿာကို ငွေကျပ် ၆ဝဝ ကျော်ပေါက်ဈေးရှိပြီး ပခုက္ကူမှာတော့ တစ်ပိဿာ ငွေကျပ် ၅၃၈ $သာ ပေါက်ဈေးရှိကာ တစ်ပိဿာကို ငွေကျပ် ၅ဝ လောက်ကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ငွေကျပ် ၅၅ဝ ရှိပြီး ငွေကျပ် ၄ဝ ဈေးကျဆင်းသွား ပါတယ်။ မုံရွာမှာတော့ ဈေးအပြောင်းအလဲမရှိဘဲ တစ်ပိဿာကို ၅၇၅ $ကျပ်ရှိပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ရန်ကုန်ဈေးကွက်မှာ အတက်အကျ များစွာရှိပါတယ်။ နယ်အချို့မှာ ဈေးတက်နေပြီး အချို့နယ်တွေ မှာတော့ ဈေးကျဆင်းနေပါတယ်။
ကုလားပဲက မြန်မာနိုင်ငံကနေ  အိန္ဒိယနိုင်ငံကိုအဓိက တင်ပို့နေတဲ့အတွက် အိန္ဒိယနိုင်ငံမှာလည်း  ကုလားပဲက ဆက်ပြီး ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။အိန္ဒိယ နိုင်ငံမှာ  ကုလားပဲတင်သွင်းတင်ပို့နဲ့  ပတ်သက်ပြီး  မူဝါဒ အပြောင်းအလဲက မကြာခဏဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါ တယ်။
မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲ အဝါရော၊ အဖြူရော တစ်ပိဿာကို ငွေကျပ် ၂ဝဝ လောက် ဈေးမြင့်တက်ခဲ့ပြီး တစ်ပိဿာကို ငွေကျပ် ၁၄၅ဝ ကနေ ငွေကျပ် ၁၅ဝဝ ပေါက် ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ငွေကျပ် ၁၅၅ဝ ကျော်ရှိပြီး တစ်ပိဿာကို ငွေကျပ် ၂ဝ လောက် ဈေးတက်လာပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ အဖြူရော၊ အဝါရော တစ်တင်း ကို ငွေကျပ် ၂ဝဝဝ လောက်ဈေးကျဆင်းသွားခဲ့ပါတယ်။ပြည်မှာ တော့ တစ်တင်းကို ငွေကျပ် ၁ဝဝဝ လောက်ဈေးကျဆင်း သွားခဲ့ပါတယ်။
ကုလားပဲက ပြီးခဲ့တဲ့နှစ်မှာ တစ်တင်းကို ငွေကျပ် ၅ဝဝဝဝ ကျော် ပေါက်ဈေးရှိခဲ့ပြီး တစ်နှစ်ပတ်လုံး ဈေးအမြင့်ဆုံး ရရှိနေ တဲ့ပဲအဖြစ် ရပ်တည်နေခဲ့ပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ဆက်ပြီးဈေးကျဆင်းနေပါတယ်။ကြက်သွန်အသစ်တွေကလည်း ကုန်စည်ဒိုင်တွေကို အဆက် မပြတ်ဝင်ရောက်လာတဲ့အတွက် ဈေးကကျဆင်းနေတာ လည်းဖြစ်ပါတယ်။
နေ့စဉ် ကုန်စည်ဒိုင်တွေကို အိတ် ၇ဝဝ လောက်ဝင်နေပါပြီ။ ရေနံချောင်း၊ တောင်တွင်း အစရှိတဲ့နေရာတွေက အဓိကဝင်နေ တာလည်းဖြစ်ပါတယ်။
မြင်းခြံကုန်စည်ဒိုင်မှာ  ကြက်သွန်နီက  တစ်ပိဿာကို ငွေကျပ် ၅၅ဝ ကနေ ငွေကျပ် ၁၃၅ဝ ပေါက်ဈေးရှိပြီး တစ်ပိဿာ ကိုငွေကျပ် ၅ဝဝ ကျော်ဈေးကျဆင်းသွားပါတယ်။ နေပြည်တော် မှာလည်း ကြက်သွန်နီက တစ်ပိဿာကို ငွေကျပ် ၁၄ဝဝ ကနေ ငွေကျပ် ၂ဝဝဝ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈ဝဝ ဈေးကျ ဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ငွေကျပ် ၅၅ဝ ကနေ ငွေကျပ် ၁၃၅ဝ ရှိပြီး ငွေကျပ် ၁ဝဝ လောက်ဈေးကျဆင်းသွားပါတယ်။ပြည်မှာတော့ ငွေကျပ် ၁၅ဝဝ ကနေ ငွေကျပ် ၁၅၅ဝ ရှိပြီး ငွေကျပ်၃ဝဝ ဈေးကျဆင်း သွားပါတယ်။
စီပီပြောင်း
စီပီပြောင်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါ တယ်။ တရုတ်နိုင်ငံက အဓိက ဝယ်ယူနေတာဖြစ်ပြီး တရုတ်နိုင်ငံ မှာတော့ စီပီပြောင်းထုတ်လုပ်မှု လျော့ကျတဲ့အတွက် မြန်မာ နိုင်ငံက ပြောင်းတွေကို အဓိကထားဝယ် ယူနေတာဖြစ်တယ်လို့ သိရပါတယ်။
လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက တစ်ပိဿာကို ငွေကျပ် ၅၂ဝ ကနေ ငွေကျပ် ၅၇ဝ အထိ တစ်ပိဿာကို ငွေကျပ် ၄ဝ ကျော်လောက် မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေမှာတော့  တစ်ပိဿာကိုငွေကျပ် ၂၈ဝ သာ ပေါက် ဈေးရှိပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဈေးကျပြီးရင်းကျနေတဲ့အခြေ အနေဖြစ်နေပါတယ်။ အီးယူနိုင်ငံက လောင်စာဆီ ထုတ်လုပ် တာမှာ စားအုန်းဆီသုံးစွဲမှုကို လျှော့ချမယ်ဆိုတဲ့ သတင်းတွေ ကြောင့် နောက်ဆက်တွဲ ဂယက်အနေနဲ့ စားအုန်းဆီဈေးက အဆမတန် ကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိစားအုန်းဆီက မြင်းခြံကုန်စည်ဒိုင်မှာ တစ်ပိဿာကို ငွေကျပ် ၁၇၈ဝ ရှိပြီး တစ်ပိဿာကို ငွေကျပ် ၁၂ဝ ဈေးကျ ဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ငွေကျပ် ၁၆၆ဝ၊ မုံရွာကုန်စည်ဒိုင်မှာတော့ ငွေကျပ် ၁၇၁ဝ နဲ့ တစ်ပိဿာကို ငွေကျပ် ၅ဝ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။ ဝတ်ရည်မွန်(AMIA)မြန်​မာ့အလင်း

No comments:

Post a Comment