Latest News

Sunday, January 28, 2018

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်သစ်ကို ပြည်သူများ ကြိုဆိုအလေးပြု

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်သစ်ကို  ပြည်သူများ ကြိုဆိုအလေးပြု


မြင်းမူ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး   မြင်းမူမြို့   အောင်ဇေယျ ရပ်ကွက်တွင်  တည်ဆောက်လျက်ရှိသော ဗိုလ်ချုပ် အောင်ဆန်းပန်းခြံအတွင်း အများပြည်သူ လာရောက် ဂါရဝပြုနိုင်ရန်နှင့်  လေ့လာနိုင်ရန်  ရည်ရွယ်ပြုလုပ် ခဲ့သော ဗိုလ်ချုပ်ကြေးရုပ်သစ်ကြီးသည် ဇန်နဝါရီ  ၂၅ ရက် ညနေပိုင်းက မြင်းမူမြို့သို့ ရောက်ရှိလာရာ ပြည်သူ များက လာရောက်ကြိုဆို အလေးပြုခဲ့ကြကြောင်း သိရ သည်။
ဗိုလ်ချုပ်ကြေးရုပ်သစ်ကြီးကို မြင်းမူမြို့ မြန်မာ့ ရှေ့ ဆောင်ဘဏ်ခွဲ၏ လှူဒါန်းငွေ ကျပ်သိန်း ၃ဝဝ ဖြင့် မ္တလေးမြို့ တပ္ပဝတီရပ်ကွက်ရှိ မန်းပြည့်ဝ  ကြေးသွန်း လုပ်ငန်းက တာဝန်ယူပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ မြင်းမူမြို့သို့ရောက်ရှိလာသော ဗိုလ်ချုပ်ကြေးရုပ်သစ် ကြီးကို ပန်းခြံအတွင်းရှိ   စင်မြင့်ပေါ်၌   ထားရှိပြီးချိန် တွင် တက်ရောက်လာသော ပြည်သူများက စုပေါင်း အလေးပြုခဲ့ကြသည်။  ဗိုလ်ချုပ်ကြေးရုပ်သစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခု မြင်းမူမြို့တွင် ထားရှိသွားမည့် ဗိုလ်ချုပ်ကြေး ရုပ်မှာ အလေးချိန် တစ်တန်ရှိကာ အမြင့်မှာ ၁၂ ပေခွဲ ၆   လက်မရှိပြီး    တိုင်းဒေသကြီးအတွင်း   အကြီးဆုံး  ကြေးရုပ်တုကြီး     ဖြစ်လာမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရေး ကော်မတီဝင်တစ်ဦးထံမှ သိရသည်။ အောင်စိုးဖေ(မြင်းမူ)မြန်​မာ့အလင်း

No comments:

Post a Comment