မုံရွာ ဇန်နဝါရီ ၂၈
မြန်မာ့ ဖရဲနှင့် သခွားများကို အဓိကဝယ်ယူနေသည့် တရုတ်ကုန်သည်များကိုယ်တိုင် မြန်မာ့လယ်ယာမြေ များတွင် ဖရဲ၊ သခွားများကို လာရောက်စိုက်ပျိုးမှုများ ရှိလာသည့်အတွက် တောင်သူများအနေဖြင့် ဈေးကွက် အခက်အခဲဖြစ်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဖရဲ၊ သခွား စိုက်ပျိုးသူများ၏ ပြောကြားချက် များအရ သိရသည်။
''တရုတ်ကုန်သည်တွေကိုယ်တိုင်က ဝင်ပြီးတော့ စိုက်ကြတယ်၊ မြေငှားခတွေပါ တက်လာတယ်၊ ဒေသတွင်းတောင်သူတွေ မြေငှားစိုက်ကြရင် တရုတ် ကုန်သည်တွေလောက် မြေငှားခမပေးနိုင်ကြပေမယ့် ပေးပြီး စိုက်နေကြရတယ်''ဟု မုံရွာမြို့နယ်တွင် သခွားခင်းငါးဧကကို ငှားရမ်းစိုက်ပျိုးထားသူ ဦးဒေါင်းရွှေက ပြောသည်။
တရုတ်ကုန်သည်များအနေဖြင့် ဒေသခံတောင်သူ များထံမှ မြေတစ်ဧကလျှင် ကျပ် ခုနစ်သိန်းခန့်ပေးကာ ငှားရမ်းစိုက်ပျိုးနေကြပြီး ဒေသတွင်း တောင်သူများက လည်း တရုတ်ကုန်သည်များနည်းတူ မြေငှားရမ်းစိုက်ပျိုး ကြရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဖရဲ၊ သခွား ရာသီပြီးချိန်တွင် မူဆယ် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချရာ၌ တရုတ်ကုန်သည်များအနေဖြင့် တိုက်ရိုက်ရောင်းချနိုင်သည့်အတွက် ဈေးကောင်းရရှိနေကြသော်လည်း မြန်မာတောင်သူများမှာမူ ကြားခံကုန်သည်များမှ တစ် ဆင့် ရောင်းချရသည့်အတွက် ဈေးကောင်းမရရှိကြောင်း မုံရွာမြို့မှ တောင်သူတစ်ဦးဖြစ်သည့် ကိုထိန်က ပြော သည်။
မုံရွာမြို့နယ်အတွင်း သခွားစိုက်ပျိုးရာတွင် ပျိုးပင် ၇ဝဝဝ ခန့်ပါသော တစ်ဧကလျှင် ကျပ် ၃၅ သိန်းခန့် အရင်းအနှီးကုန်ကျကြောင်း သိရသည်။မောင်ဝဇီရ(AMIA)မြန်မာ့အလင်း
No comments:
Post a Comment