ညောင်ဦး ဇန်နဝါရီ ၂၈
မ္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ကြီးများ အတွင်းရှိ တောင်သူများသည် ငှက်ပျောပင်များစိုက်ပျိုးထားရှိရာ ယခုနှစ်ဆောင်းရာသီတွင် ပိုးကျရောက်ပြီးအရှုံးပေါ်နေ ကြောင်း သိရသည်။
''ငှက်ပျောခြံအသစ်တွေလည်းပိုးကျတယ်၊ အဟောင်းခြံ တွေလည်းပိုးကျတယ်၊ အဟောင်းခြံတောင်သူတွေက အရှုံး သက်သာပြီး အသစ်တည်တဲ့ ခြံသမားတွေအရှုံးပိုများတယ်၊ ကျွန်တော့်ငှက်ပျောခြံက တန်ခူးလကစပြီးစိုက်ထားတဲ့ ခြံ အသစ်ပါ၊ အခုဒီဆောင်းဘက်ရောက်လာတော့ ငှက်ပျောပင် အောက်လက်တွေက တဖြည်းဖြည်းဝါလာတယ်၊ နောက်တော့ အပေါ် အလက်တွေပါ ဝါလာပါတယ်၊ ဒီတော့ပိုးကျမှန်းသိသာပြီ၊ စိုက်ခဲ့စဉ်က ငှက်ပျောပျိုးတစ်ပင်ကို ငွေကျပ် ၁၈ဝ ပေးရတယ်၊ တစ်ပင်စိုက်ခက ငွေကျပ် ၅ဝ ပေးရတယ်၊ စုစုပေါင်းတစ်ပင် ကို ငွေကျပ် ၂၃ဝ ကုန်ကျတယ်၊ အပင်၂ဝဝ လောက်စိုက်တယ်၊ မြေသြဇာကျွေးတာနဲ့ ပေါင်းရှင်းခအားလုံးပေါင်းငွေကျပ် နှစ်သိန်းလောက်ကုန်တယ်၊ ငှက်ပျောခင်းက ဘာမှပြန်မရဘူး'' ဟု အောက်ညဥ့်ကျေးရွာ ငှက်ပျောစိုက်တောင်သူ ကိုဝင်းကိုက ပြောသည်။
''ကျွန်တော်စိုက်ခဲ့တာက နှစ်နှစ်ရှိပြီ၊ အရင်းက ငွေကျပ်လေးသိန်းလောက်ကုန်တယ်၊ ငွေကျပ်တစ်သိန်းဖိုး လောက်ပဲ ပြန်ရောင်းရတယ်၊ တောင်သူတွေက ဘာလုပ်လုပ်၊ ဘာစိုက်စိုက်ရှုံးနေတာပဲ၊ ဘာသီးနှံပင်စိုက်ရမှန်းမသိတော့ဘူး၊ ရေဖိုးနဲ့မျိုးဖိုးက တော်တော်ကုန်တယ်၊ သူများတွေ ငှက်ပျောစိုက်တာ အဆင်ပြေတယ်ပြောလို့ လိုက်စိုက် လိုက်တာ အခုတော့ရှုံးပြီ'' ဟု သူကောင်းတည် ကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးဝင်းမောင်က ပြောသည်။
ယခုရက်ပိုင်းများတွင် ငှက်ပျောပင်များ ပိုးကျ သည့်အတွက် ငှက်ပျောခိုင်များ မအောင်သောကြောင့် ခုတ်ရောင်းနေရကြောင်း၊ မအောင်မြင်သော ငှက်ပျောဖီးများကို တစ်ဖီးလျှင်ငွေကျပ် ၅ဝဝ$ နှုန်းနှင့် ရောင်းချနေရကြောင်း၊ ငှက်ပျောသီးအစိမ်းများကို လည်း ဆေးစိမ်ရောင်းချနေရကြောင်း ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။ ကျော်ဌေး(ညောင်ဦး)မြန်မာ့အလင်း
No comments:
Post a Comment