ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်အတွင်း ယခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ မော်တော်ယာဉ်ဝယ်ယူမှု များပြားကာ ရောင်းသူထက် ဝယ်ယူသူ ပိုများနေကြောင်း မော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်မှ သိရသည်။ ဇန်နဝါရီလဆန်းပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ဝယ်ရောင်းဈေးကွက် အတွင်း ရောင်းသူထက် ဝယ်ယူသူပိုမို များပြားခဲ့ပြီး လက်ရှိအချိန်ထိ ရောင်းအား ကောင်းနေဆဲဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းသာမက တခြားနယ်မြို့ များမှလည်း ဝယ်ယူမှုများကြောင်း သိရသည်။ ''အခုလို ကားအရောင်းသွက်နေတာရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ ကား ဈေးတွေတက်နေတယ်။ ရန်ကုန်မြို့က ကားဝယ်ရောင်း ဈေးကွက်တွေမှာ ရောင်းသူထက် ဝယ်သူကပိုများနေတဲ့ အခြေ အနေ ဆက်လက်ဖြစ်ပေါ်နေဦးမှာပါ'' ဟု လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်းမှ ဝါရင့် မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်သူ ကိုထွန်းထွန်းနိုင်ကပြောသည်။
ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ဝယ်ရောင်း ဈေးကွက်များတွင် ငွေကျပ် သိန်း ၈ဝ မှ သိန်း ၁၈ဝ ကြားရှိ လုပ်ငန်းသုံးယာဉ်နှင့် အိမ်စီးယာဉ် နှစ်မျိုးစလုံး အရောင်းအဝယ် သွက်နေကြောင်း သိရသည်။(MWD)
No comments:
Post a Comment