Latest News

Tuesday, January 30, 2018

ရွှေတိဂုံစေတီတော် (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ လှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေတိဂုံစေတီတော် (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲ လှူဒါန်းပွဲတော်နှင့်  ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၃ဝ

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်  ၁၃၇၉     ခုနှစ် (၁၁)ကြိမ်မြောက်     မြန်မာ့ရိုးရာထမနဲ  လှူဒါန်းပွဲတော်နှင့် ထမနဲထိုးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို     ယနေ့   ညနေ ၄  နာရီတွင် ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်   အာဇာနည်လမ်းရှိ  ထန်းပင်ကုန်းကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ       ရွှေတိဂုံစေတီတော် မြန်မာ့ရိုးရာ     ထမနဲပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့အလှည့်ကျ   သဘာပတိ ဦးအောင်မြတ်က မင်္ဂလာစကား   ပြော ကြားသည်။

ထို့နောက်  အလှည့်ကျသဘာပတိ ဦးအောင်မြတ်နှင့် ဂေါပက အဖွဲ့ဝင်များက ထမနဲထိုးပြိုင်ပွဲကို     ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး          ပြိုင်ပွဲဝင်များကို လိုက်လံကြည့်ရှုအားပေးကြသည်။

အဆိုပါ       ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု    ငွေ$ကျပ်ရှစ်သိန်း၊ ဒုတိယဆု ငွေ$ကျပ်  ခုနစ်သိန်း၊  တတိယဆု   ငွေ$ကျပ် ခြောက်သိန်း၊  စတုတ္ထဆုငွေ$ကျပ် ငါးသိန်း၊ ပဉမဆု ငွေကျပ် လေးသိန်း၊   နှစ်သိမ့်ဆု ငါးဆုအတွက် ဆုငွေကျပ် သုံးသိန်းစီနှင့် ဆုအသီးသီးအတွက် ဆုကလပ်တစ်ခုစီ ချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲမှရရှိလာသည့်  ထမနဲများကို ရှင်တော်မြတ်ဘုရားနှင့်  သံဃာတော် များအား  အရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ဘုရားအမှူးပြုသော သံဃာတော်   ၆၂ ပါးအား ထမနဲဆွမ်းတော်ကြီး လောင်း လှူခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနစ်ရက်သားသမီးများအား       ဝေငှ ကုသိုလ်    ပြုလုပ်မည်ဖြစ်ကြောင်း   သိရ သည်။            
သတင်း-ကိုကိုဇော်၊ဓာတ်ပုံ-ဇော်မင်းလတ်(မြန်​မာ့အလင်း)

No comments:

Post a Comment