လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်းသောမေးခွန်းကို တိတိကျကျ မေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌပြောကြား
ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်း သော မေးခွန်းကို တိတိကျကျ ရှင်းရှင်း လင်းလင်းဖြင့် ထိထိမိမိမေးရန် လိုအပ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ယနေ့ ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး စတင်ကျင်းပစဉ် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာ တွင် ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အသိပေးရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ယနေ့အစည်း အဝေးတွင် ကိုယ်စားလှယ်များက မေးခွန်း မေးမြန်းမှု၊ သက်ဆိုင်ရာ တာဝန်ရှိသူများ က ပြန်လည်ဖြေကြားမှုတို့နှင့် စပ်လျည်း၍ အသိပေး ရှင်းလင်းပြောကြားလိုကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်း သော မေးခွန်းကို တိတိကျကျ ရှင်းရှင်း လင်းလင်းဖြင့် ထိထိမိမိမေးရန် လိုအပ် ကြောင်း၊ မေးခွန်းများသည် မိမိမဲဆန္ဒနယ် ရှိ မဲဆန္ဒရှင်များ အမှန်တကယ် ကြုံတွေ့ နေရသော အခက်အခဲများ၊ အမှန်တကယ် လိုအပ်ချက်များနှင့် တိုက်ရိုက်ပတ်သက် မှု အရေးကြီးသကဲ့သို့ လွှတ်တော်တွင် ဖြေကြားပြီးသား ကိစ္စရပ်များ မဖြစ်ရန် လိုအပ်ကြောင်း၊ ထိုသို့မေးမြန်းရာ၌ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ မည်သည့်ကိစ္စကို ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မဆောင်ရွက်ပေးနိုင်ပါက မည်သည့် အတွက်ကြောင့် ဆိုသည်ကို မေးမြန်းရန် ဖြစ်ကြောင်း။
ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်
မေးခွန်း မေးမြန်းခြင်းသည် လက်တွေ့ လိုအပ်ချက်များကိုသာ မေးမြန်းခြင်းဖြစ် ပြီး အဆိုမှာ တိုင်းဒေသကြီးတစ်ခုလုံး အတွက် ရေရှည်အကျိုးကို ရည်ရွယ် တင်သွင်းထားခြင်းဖြစ်ကြောင်း၊ မူဝါဒ သဘောဆောင်ကြောင်း၊ ကိုယ်စားလှယ် များ၏ မေးခွန်းမေးမြန်းမှုကို စာဖြင့် ဖြေကြားပေးသည့် သက်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် လွှတ်တော်တွင် လာရောက် ဖြေကြားသည့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ ဝန်ကြီးများအနေဖြင့်လည်း ပြည့်ပြည့် စုံစုံနှင့် ကြောင်းကျိုးဆီလျော်အောင် ဖြေကြားပေးရန်ဖြစ်ကြောင်း၊ မိမိတို့၏ ဖြေကြားမှုများမှာ မြေပြင်တွင် ဖြစ်ပေါ်နေ သည့် အခြေအနေများကိုသာ အခြေခံပြီး တိကျမှန်ကန်စွာ ဖြေဆိုရန် လိုအပ် ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို လာရောက် ဖြေဆိုပြီး အဆိုပါ ဖြေကြားချက်များတွင် ကတိကဝတ်များ ပါရှိပါက ကတိကဝတ် များအတိုင်း အကောင်အထည်ဖော်နိုင် အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မေးမြန်းသူရော ဖြေကြားသူပါ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
မြို့အဂ¯ရပ်ကိုထိခိုက်နေ
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် သုံးဦးတို့ မေးခွန်းများ မေးမြန်းချက်များ အနက် ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေး တင်(ခ) ဦးမြသိန်းက ဒလ-တွံတေး ကား လမ်းမကြီးဘေးရှိ အများပြည်သူကျန်းမာ ရေးနှင့် မြို့အဂ¯ရပ်ကို ထိခိုက်နေသော အမှိုက်ပုံကြီးအား သင့်တော်ရာနေရာသို့ ရွှေ့ပြောင်းခြင်း(သို့) ခေတ်မီနည်းပညာ ဖြင့် မီးရှို့ခြင်းများ ပြုလုပ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းကို ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည် ဖြေကြားရာတွင် အဆိုပါ အမှိုက်ပုံကြီး၏ မြေနေရာမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီပိုင် မြေဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ဒလမြို့နယ်၏ အမှိုက်များ စွန့်ပစ်ရန်အတွက် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအဖြစ် ၁၉၉၆-၉၇ ခုနှစ်မှ စတင်ပြီး အသုံးပြုဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအမှိုက်စွန့်ပစ်မှုမှာ တစ်ရက်လျှင် ၂၄ တန် စွန့်ပစ်ရာ နေရာဖြစ်ကြောင်း၊ အမှိုက်ပုံများ သတ်မှတ်ရာတွင် မြို့၏ အစွန်ဆုံးနေရာများကို သတ်မှတ်ကြောင်း၊ အမှိုက်ပုံသည် လူရှိရာနေရာသို့ ရွှေ့လာ ခြင်းမျိုးမဟုတ်ဘဲ အမှိုက်ပုံရှိရာသို့ ဖွံ့ဖြိုး တိုးတက်မှုကြောင့် လူများက ရွေ့လာ သည့်အတွက်ကြောင့် အမှိုက်ပုံကို ထပ်ရွှေ့ရခြင်းဖြစ်ကြောင်း၊ အမှိုက်ပုံ များကို သင့်တော်သည့်မြေနေရာ၊ လူနေ ရပ်ကွက်များနှင့် ဝေးရာတွင် ရှာရသည့် အတွက်ကြောင့် နေရာရှာရသည့် အခက် အခဲရှိကြောင်း၊ သို့သော် လိုအပ်ချက် တစ်ရပ်ဖြစ်သည့်အတွက် ဒလ- တွံတေး ကားလမ်းတွင်ရှိသည့် အမှိုက်ပုံကြီးကို မြေနေရာရှာဖွေရန် ဆောင်ရွက်မည် ဖြစ်ပြီး သင့်တော်သည့် မြေနေရာရရှိ ပါက ရန်ကုန်-ဒလ တံတား တည်ဆောက် ပြီးစီးသည့်အခါတွင် အမှိုက်မီးရှို့စက်ရုံ တည်ဆောက်ရန် အစီအစဉ်ရှိကြောင်းနှင့် လတ်တလောအခြေအနေတွင်မူ မြေ ကျင်းတူးပြီး စနစ်တကျမြှုပ်နှံသည့်စနစ် ဖြင့်သာ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။
သတင်း-ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
Tuesday, January 30, 2018
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်းသောမေးခွန်းကို တိတိကျကျ မေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌပြောကြား
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိမေးမြန်းသောမေးခွန်းကို တိတိကျကျ မေးရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌပြောကြား
Reviewed by Ar Ti
on
10:20 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment