ဟုမ္မလင်း ဇန်နဝါရီ ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့မ ရဲစခန်းနယ်မြေတွင် ဇန်နဝါရီ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ပါဂျဲရိုး ယာဉ်တစ်စီး မြောင်းထဲထိုးကျပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဟုမ္မလင်းမြို့နယ် ရွာမ တပ်ကုန်းကျေးရွာအနီး ဟုမ္မလင်း-နောင်ပိုအောင်ကားလမ်းတွင် နောင်ပို အောင်ဘက်မှ ဟုမ္မလင်းဘက်သို့ ညွန့်မောင်(၂၄ နှစ်)ဟုမ္မလင်းမြို့ နောင်ဖာမူကျေးရွာနေသူ မောင်းနှင်လာ သည့် 6D/....ပါဂျဲရိုးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲလမ်း၏ ဝဲဘက်မြောင်းထဲ သို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူတစ်ရွာ တည်းနေ ဒေါ်မြညို(၅၄နှစ်)၊ ဒေါ်မြင့် သိန်း(၃၂နှစ်)နှင့် ဒေါ်ဝင်းနီ (၃၆နှစ်)တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
ကျော်ကျော်(မလှိုင်)မြန်မာ့အလင်း
No comments:
Post a Comment