ဟင်္သာတခရိုင်အတွင်း လမ်း/တံတားများ ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်နိုင်ရန် ၅ နှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း သိရ
ဟင်္သာတ ဇန်န၀ါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း လမ်း/တံတားများ ပြုပြင်ထိန်းသိမ်းအဆင့် မြှင့်တင်နိုင်ရန် ၅ နှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဟင်္သာတခရိုင်အတွင်း လမ်းမိုင် ၃၀၀ ကျော်၊ တံတားအစင်းပေါင်း ၅၀၀ ကျော်ရှိသည့်အနက် ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်ရန် ကျန်ရှိနေသည့်လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံချက်ရေးဆွဲဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။
“ဟင်္သာတခရိုင်မှာ လမ်းဦးစီးဌာနက တာဝန်ယူထိန်းသိမ်းတဲ့ လမ်းမိုင် ၃၀၀ ကျော်ရှိတဲ့အနက် ၁၈ ပေအကျယ်ကတ္တရာလမ်းချဲ့ဖို့လိုတာ ၄၂ မိုင် ၅ ဖာလုံပဲ ကျန်ပါတော့တယ်။ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ဖို့လိုအပ်နေတဲ့ အမာခံလမ်းနဲ့ မြေသားလမ်းမိုင်ကလည်း မိုင် ၈၀ ကျော်ပဲ ကျန်ပါတော့တယ်။ တစ်ခရိုင်လုံးမှာ တံတားပေါင်း ၅၀၆ စင်းရှိတဲ့နေရာမှာလည်း အဆင့်မြှင့် တင်ဖို့ ကျန်ရှိနေတာ တံတားအစင်း ၂၀ ပဲ ရှိပါတော့တယ်။ ကျန်ရှိတဲ့ဒီလုပ်ငန်းတွေနဲ့ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက် နိုင်ဖို့ ၅ နှစ်စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော်လျှက်ရှိပါတယ်”ဟု ဟင်္သာတခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမော် ကပြောကြားသည်။
အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ အရည်အသွေးပိုင်းဆိုင်ရာ ကောင်းမွန် စေရန် စီစစ်ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်လျှက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြား သည်။
“ဒေသမြေအမျိုးအစားနဲ့ကိုက်ညီတဲ့ဒီဇိုင်းရေးဆွဲဆောင်ရွက်မှုကိုလည်း အကောင်အထည် ဖော်လျှက်ရှိပါတယ်။ လမ်းဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာ အရည်အသွေးပိုင်း ကောင်းမွန်စေဖို့နဲ့ အာမခံချက်ရှိစေဖို့အတွက်လည်း အလေးထားဆောင်ရွက်လျှက်ရှိပါတယ်။ လမ်း/ တံတားတွေ ရေရှည်တည်တံ့ခိုင်မြဲစေဖို့အတွက် လမ်းဦးစီးဌာနအနေနဲ့ လိုအပ်တဲ့စည်းမျဉ်းစည်းကမ်း တွေကို ထုတ်ပြန်လျှက်ရှိပြီး ပြည်သူတွေအနေနဲ့လည်း လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းပြော ကြားလိုပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးမော် ကပြောကြားသည်။
ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ဟင်္သာတခရိုင်၌ ကျပ်သန်းပေါင်း ၁၁၄၅၈.၈၀၃ သန်းအသုံး ပြုကာ ကတ္တရာလမ်းချဲ့ခြင်း၊ အမာခံလမ်းများအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်း၊ သံကူ ကွန်ကရစ်တံတားများတည်ဆောက်ခြင်း၊ ကွန်ကရစ်ရေကျော်တည်ဆောက်ခြင်း၊ လမ်းတာချဲ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ကျော်မျိုး(ဟင်္သာတ)
Thursday, January 18, 2018
ဟင်္သာတခရိုင်အတွင်း လမ်း/တံတားများ ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်နိုင်ရန် ၅ နှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း သိရ
ဟင်္သာတခရိုင်အတွင်း လမ်း/တံတားများ ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်နိုင်ရန် ၅ နှစ်စီမံချက်ရေးဆွဲဆောင်ရွက်လျှက်ရှိကြောင်း သိရ
Reviewed by Ar Ti
on
10:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment