Latest News

Tuesday, January 30, 2018

နိုင်ငံခြားသား သာမဏေ​ကျော်​ ဘွဲ့ရ

နိုင်ငံခြားသား သာမဏေ​ကျော်​ ဘွဲ့ရ



























အင်ဒိုနီးရှားနိုင်ငံ ဆူရာဘယာ(Surabaya)မြို့သား ယခုနှစ်အတွင်း ရန်ကုန် သာသနာ့ဝန်ဆောင် သာမဏေကျော်စာမေးပွဲ
မန္တလေး ပရိယတ္တိသာသနဟိတ သာမဏေကျော်စာမေးပွဲ
အောင်မြင်ထားသော စစ်ကိုင်းမြို့ မြစကြာကျောင်းတိုက်မှ
သာမဏေကျော် ရှင်ဝိသုဒ္ဓါစာရာလင်္ကာရ ၏
မွေးရပ်မြေတွင် ကျင်းပသော အာစရိယပူဇာ မင်္ဂလာ နှင့်
ဂုဏ်ပြု ပူဇော်ပွဲ မင်္ဂလာ အခမ်းအနား မှတ်တမ်းများ။
( 28.1.2018  - 9:00 AM )

အခမ်းအနားသို့ ကိုရင်၏ ဂုဏ်ပြုပွဲကို ချီးမြှောက်ချင်၍
ကျန်းမာရေး မကောင်းသည့်ကြားမှ
အင်မတန် အလေးထားကြွရောက်ချီးမြှင့်သည့်
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၊
မြစကြာဆရာတော်နှင့် နာယကဆရာတော်များ၊
မြန်မာသံရုံးမှ အရာရှိဝန်ထမ်းများ နှင့် အခြားသော
မြန်မာလူပုဂ္ဂိုလ်များ၊ အင်ဒိုနီးရှားသတိပဋ္ဌာနအဖွဲ့အစည်းမှ
ပုဂ္ဂိုလ်များ စုံညီစွာတက်ရောက်ကြသည် ။

အခမ်းအနားတွင် ချမ်းမြေ့ဆရာတော်ကြီးမှ
ရှင်ဝိသုဒ္ဓါစာရာလင်္ကာရ ကို နိုင်ငံခြားသား
သာမဏေတစ်ပါးအနေနဲ့ သာမဏေကျော်ဘွဲ့ရသည့်အတွက်
အလွန်အင်မတန်ထူးခြားတဲ့ သာမဏေဖြစ်ကြောင်း..
စသဖြင့် မိန့်ကြားချီးမြှောက်ခဲ့ပါသည် ။
Credit - Ashin Dhamma Dhara

ရှင်ဝိသုဒ္ဓါစာရာလင်္ကာရ သည်
၁၃၆၂ -ခုနှစ် နယုန်လဆန်း( ၆ )ရက်
( 7. 6 .2000 ) ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်သောကြောင့်
ယခုအခါ သက်တော် ( ၁၇ )နှစ်နဲ့ ( ၇ ) လရှိပါပြီ ။
အင်ဒိုနီးရှားနိုင်ငံမှာ ဗုဒ္ဓသာသနာပြန်လည်ထွန်းကားအောင်
ဆောင်ရွက်နိုင်ပါစေ ။
အင်ဒိုနီးရှားမှာ တောက်ပမယ့် ကြယ်တစ်ပွင့်ဖြစ်ပါစေ။

အရှင်ပရမ ( ရေနံချောင်း)

No comments:

Post a Comment