Latest News

Tuesday, January 30, 2018

ရန်ကုန်မြစ်ကမ်းတစ်လျှောက်ကို အများပြည်သူ အပန်းဖြေနေရာအဖြစ် အသုံးပြုနိုင်ရေးဆောင်ရွက်မည်

ရန်ကုန်မြစ်ကမ်းတစ်လျှောက်ကို အများပြည်သူ အပန်းဖြေနေရာအဖြစ် အသုံးပြုနိုင်ရေးဆောင်ရွက်မည်

ရန်ကုန် ဇန်န၀ါရီ ၂၉

ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT)အ နေဖြင့်  ရန်ကုန်မြစ်ကမ်းတစ်လျှောက်ကို အများ ပြည်သူ အပန်းဖြေနေရာအဖြစ် အသုံးပြု နိုင်ရေး ဆောင် ရွက် သွားမည် ဖြစ် ကြောင်း YHT အဖွဲ့ ဒုတိယဥက္ကဋ္ဌဒေါ်မိုးမိုးလွင်ထံမှ သိရသည်။

အဆိုပါအဖွဲ့သည် အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး ဧရိယာသတ်မှတ်ခြင်း၊ ရေရှည်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ်များချမှတ်ခြင်း စသည့် ဆောင်ရွက်ချက်များအပြင် ရွှေတိဂုံစေတီတော် မှ ရန်ကုန်မြစ်ကမ်း တစ်လျှောက်လမ်း များ၊ အစိုးရပိုင် အဆောက်အအုံများ ပြန်လည် ပြုပြင်နိုင်ရန် ဘဏ္ဍာရေးအစီအစဉ်တစ်ခု ရေးဆွဲခြင်း၊ ဘဏ်လမ်းနှင့် ကမ်းနားလမ်း တစ်လျှောက် စံနမူနာပြသနိုင်ရန် နေရာတစ်ခု ဖန်တီးနိုင်ရေး စသည်တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၁၉၇၀ ပြည့်နှစ် ရှေ့ပိုင်းက တည်ဆောက်၍ ယခုအချိန်ထိ မူလပုံစံ မပျက် အသုံးပြုနေသည့် အဆောက်အအုံ များကို အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက် ရေးဆုအဖြစ် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)က ရွေးချယ်ချီးမြှင့်ကြောင်း သိရသည်။ အဆိုပါဆုကို ကုန်သည်လမ်းရှိ Gekko Bar and Restaurant ၊ ၃၁ လမ်းရှိ Scott Hotelတို့ရရှိပြီး Best Re-storation Project 2018 ဆုအတွက် ရွှေတောင်တန်း လမ်းရှိ Bridge Office နှင့် Shwe Taung Tan Office အဆောက်အအုံတို့က ရရှိခဲ့ သည်။

အဆိုပါဆုများသည် မြန်မာနိုင်ငံ၌ ပထမဆုံးရွေးချယ်ပေးအပ်သည့် ဆုအမျိုး အစားဖြစ်ပြီး ယခုနှစ်တွင် ရန်ကုန်မြို့ တစ်ခုတည်းသာ ရွေးချယ်သော်လည်း နောက်ပိုင်းတွင် တခြားနေရာများကိုပါ ရွေးချယ်ချီးမြှင့်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment