Latest News

Tuesday, January 30, 2018

ရေကြည်မြို့နယ်သီတာကုန်းပြင် တံတားသစ် ဖွင့်​လှစ်​ပွဲ

ရေကြည်မြို့နယ်သီတာကုန်းပြင် တံတားသစ် ဖွင့်​လှစ်​ပွဲ





ရေကြည်​၊ဇန်​န၀ါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ မြန်မာနိုင်ငံ ဂျပန်သံရုံးကိုယ်စားလှယ် Ms, A Yono Suzuki ၊ ဒေသခံပြည်သူများနှင့်အတူ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ သီတာကုန်းပြင်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ဂျပန်အစိုးရနှင့် ပြည်သူများမှ လှူဒါန်းသော ရေကြည်မြို့နယ် သီတာကုန်းပြင်ကျေးရွာနှင့် လက်ပံပင်ကျေးရွာသို့ ဆက်သွယ်သည့် သီတာကုန်းပြင် ချောင်းကူး ကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ၀န်ကြီးချုပ်နှင့်အဖွဲ့မှ သီတာကုန်းပြင်ချောင်းကူးကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။





ထို့နောက် အခမ်းအနားအား ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ သီတာကုန်းပြင်ကျေးရွာ၊ မြသီတာ ဓမ္မာရုံတွင် ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင်​ သီတာကုန်းပြင်ချောင်းကူးတံတား ဆောက်လုပ်အသုံးပြုနိုင်ရေး ငွေကြေးအထောက်အပံ့ဖြင့် အကူအညီပေးသော ဂျပန်နိုင်ငံ အသေးစားထောက်ပံ့ရေးအစီအစဉ်မှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း၊ ယခုဖွင့်လှစ်သော အလျား (၁၆၀)ပေ၊ အနံ (၁၈)ပေရှိသည့် သီတာကုန်းပြင် ချောင်းကူးကွန်ကရစ်တံတားအား ဂျပန်နိုင်ငံမှ ငွေကြေးအကူအညီဖြင့် ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်သည့်အတွက် ကုန်းပြင်တိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများသာမက အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများပါ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ သီတာကုန်းပြင်ချောင်းကူးတံတားသည် ပုသိမ် - မုံရွာလမ်းမကြီးနှင့် ဂွ - ငသိုင်းချောင်း လမ်းမကြီးတို့ကို ဖြတ်လမ်းအဖြစ် ဆက်သွယ်ထားသော တံတားဖြစ်သည့်အတွက် သတ်မှတ်တန်ချိန်အောက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း၊ အဓိကအားဖြင့် သီတာကုန်းပြင် တိုက်နယ်ဆေးရုံသို့ ကုန်းပြင်တိုက်နယ်အတွင်းရှိ ကျေးရွာများသာမက နီးစပ်ရာ ကျေးရွာများရှိ ပြည်သူများမှ လာရောက်ဆေးကုသရာတွင် ယခင် ဆိုင်ကယ်ဖြင့်သာ သွားလာနိုင်ခဲ့ပြီး ယခုအခါ မော်တော်ယာဉ်ဖြင့် သွားလာနိုင်ပြီ ဖြစ်သည့်အတွက် အချိန်ကုန်သက်သာစွာဖြင့် အချိန်မီဆေးကုသမှုခံယူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုဖွင့်လှစ်သော သီတာကုန်းပြင် တံတားအား မပျက်စီးစေရေးအတွက် သတ်မှတ်တန်ချိန်ထက် ကျော်လွန်သည့် မော်တော်ယာဉ်များ ဖြတ်သန်းမောင်းနှင်သွားလာခြင်းမရှိစေရေး ကျေးရွာနေပြည်သူများမှ ၀ိုင်းဝန်းထိန်းသိမ်းကြရန် လိုကြောင်း ပြောကြားခဲ့ပါသည်။








ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးမှ အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ ဂျပန်သံရုံးကိုယ်စားလှယ် Ms, A Yono Suzuki က တံတားလှူဒါန်းရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး တံတားကော်မတီ ဥက္ကဌထံ တံတားလွှဲပြောင်းပေးအပ်ခြင်းနှင့် ကော်မတီ ဥက္ကဌက အမှတ်တရ လက်ဆောင် ပြန်လည်ပေးအပ်ခြင်း၊ သီတာကုန်းပြင် တံတားဖြစ်မြောက်ရေး ကော်မတီ နာယကမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

No comments:

Post a Comment