Latest News

Saturday, January 27, 2018

ဇေကမ္ဘာ ဦးခင်ရွှေသမိုင်းဝင်မော်တင်စွန်းဘုရားကို ငွေကျပ်သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ ပြုပြင်မည်





ဧရာဝတီတိုင်းဒေသကြီးငပုတောမြို့ နယ်ထဲက ထင်ရှားတဲ့  သမိုင်းဝင် မော်တင်စွန်းဘုရားကို ဇေကမ္ဘာ ဦးခင်ရွှေကမြန်မာကျပ်ငွေ ကျပ်သိန်းပေါင်းတစ်သောင်းခွဲ ခန့် အကုန်ကျခံပြုပြင်သွားမယ်လို့  သိရပါတယ်။ မော်တင်စွန်းဘုရားစေတီရဲ့ ထီးတော်အသစ်တင်ပွဲကိုလည်း လာမယ့်ဖေဖော်ဝါရီလ (၁)ရက်နေ့ မှာ ပြုလုပ်ဖို့ စီစဉ်နေပြီးဘက်စုံပြုပြင်မွမ်းမံမှုကို သုံးနှစ်ဆက်တိုက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ် အင်တာဗျူး ၁-သာသနာရေးဝန်ကြီးဦးကျော်မြင့် ဒါ့ကြောင့်မို့ လို့ ဇန်န၀ါရီလ (၂၆)ရက်နေ့ မှာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါဝင် လွတ်တော် ဥက္ကဌ ၀န်ကြီးများနှင့် တာဝန်ရှိသူများက ထီးတော်ကို ရန်ကုန်ကနေပင့် ဆောင်လာပြီး ပုသိမ်ေ၇ွှမုဌောဘုရားမှာ ခေတ္တ အဖူးမြောခံထားရှိပါတယ်။ အဲ့ ဒီနေ့ က ဇေကမ္ဘာ ဦးခင်ရွှေ ကိုယ်တိုင် လိုက်ပါလာခဲ့ ပြီး ဖေဖော်ဝါရီလ (၁)ရက်နေ့ ထီးတော်တင်ပွဲမှာ ထမနဲထိုးပြိုင်ပွဲပြုလုပ်ဖို့ ကို လည်းအစိုးရအဖွဲ့ သာသနာရေးဝန်ကြီး ဦးကျော်မြင့်ကို ပြောဆိုနေတာတွေ့ ခဲ့ ရပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေ က မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့  မြန်မာနိင်ငံရဲ့  အချမ်းသာဆုံး ဆယ်ဦးထဲက တစ်ဦးအပါဝင်ဖြစ်ပါတယ်. ကျွန်တော် က မျိုးမင်းပိုင်ပါ

No comments:

Post a Comment