Latest News

Saturday, January 27, 2018

လယ်သမားတွေထံက ငွေးကြေးလိမ်လည်ကောက်ခံသော ဓနတိုး နှင့် ရတနာအောင်ကုမ္ပဏီအမည်ခံ ငွေချေးအဖွဲ့အစည်းများအား ပြည်သူတွေတိုင်ကြားလာရင်တရားစွဲဆိုမည်






 ရိုက်ကူးတင်ဆက် မျိုးမင်းပိုင်၊ထက်ဝဠာမင်း
လယ်သမားများထံမှ ၁ဧကလျှင် ငွေကျပ် ၅၀၀၀ကျပ်အားကောက်ယူခဲ့သော ဓနတိုး နှင့် ရတနာအောင်ကုပ္ပဏီအမည်ခံ ငွေချေးအဖွဲ့အစည်းများအား  ပြည်သူများမှတိုင်ကြားလာပါက တရားစွဲဆိုသွားမယ်လို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းကပြောပါတယ်။
တိုင်းအတွင်းရှိမြို့နယ်အသီးသီးတွင် နေထိုင်ကျသောလယ်သမားများထံမှ ရတနာအောင် နှင့် ဓနတိုးအောင် ကုပ္ပဏီအမည်ခံငွေချေးအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်ဆိုသူများမှ လယ်(၁)ဧကလျှင် ငွေကျပ်ငါးသိန်းခန့်ချေးမည်ဟုဆိုကာ လယ်သမားများထံမှပုံစံ(၇)မူရင်းမိတ္တူ နှင့် ဝန်ဆောင်ခ(၁)ဧကလျှင် ငွေကျပ်ငါးထောင်ကိုတောင်းခံခဲ့ တာပါ။
စိုက်ပျိုးစားရိတ်ထုတ်ချေးမည်ဟုဆိုကာ လယ်သမားများအား စည်းရုန်းကာဝန်ဆောင်ခအဖြစ်ငွေကြေးများ ကောက်ခံလျက်ရှိသော ကုပ္ပဏီအမည်ခံငွေချေးအဖွဲ့အစည်းများမှာ တရားဝင်အဖွဲ့အစည်းမဟုတ်ကြောင်း ကိုလည်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကဇန်န၀ါရီလအတွင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်.။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၆)မြို့နယ် ၊ရပ်ကွက်ပေါင်း(၂၃၈)ရပ်ကွက် ၊ ကျေးရွာပေါင်း (၆၂၄၉)ရွာတွင် ငွေချေးအဖွဲ့အစည်းပေါင်း (၃၄)ခုကသာတရားဝင် ချေးငွေထုတ်ချေးပေးနေပါတယ်.။
ကျွန်တော်ကမျိုးမင်းပိုင်ပါ
ရိုက်ကူး ထက်ဝဠာမင်း



No comments:

Post a Comment