Latest News

Friday, January 26, 2018

ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်းလုပ်ငန်းများ မိုးမကျမီ အပြီးဆောင်ရွက်ရန် ကုမ္ပဏီအား ညွှန်ကြားထားပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်

ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်းလုပ်ငန်းများ မိုးမကျမီ အပြီးဆောင်ရွက်ရန် ကုမ္ပဏီအား ညွှန်ကြားထားပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်

နေပြည်တော် ဇန်နဝါရီ ၂၆

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမ နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း နှင့်ဖြေကြားခြင်း၊ ဥပဒေကြမ်းနှစ်ခု ဆွေးနွေး ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၏  ရန်ကုန်တိုင်းဒေသကြီး   လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲ လမ်း ပိုင်းကို B.O.Tစနစ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် ဇေကမ္ဘာကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များအတိုင်း ဆောင် ရွက်ထားမှု မရှိသည့်ကိစ္စနှင့် စပ်လျဉ်းသည့် မေးခွန်းကို   ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ   လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်း ၅၄ မိုင် ၇ ဖာလုံအား   ဇေကမ္ဘာကုမ္ပဏီ လီမိတက်သို့ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှB.O.T လုပ်ငန်းစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှု ကော်မရှင်မှ   ခွင့်ပြုမိန့်ရရှိ၍ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ပဋိညာဉ်စာချုပ် ကို  ချုပ်ဆိုခဲ့ပါကြောင်း၊  ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် ၂ဝ၁၃ ခုနှစ် လုပ်ငန်းစတင်ခဲ့သည့် အချိန်မှ ၂ဝ၁၅ ခုနှစ်  B.O.T နှုန်းဖြင့် ကောက်ခံခြင်းမပြုမီအချိန်အထိ ပန်းလှိုင် ဂိတ်၊ ပျော်ဘွယ်လေးဂိတ်နှင့် ကံဘဲ့ဂိတ်တို့တွင် လေလံနှုန်းဖြင့်  ကောက်ခံခဲ့ပြီး သတ်မှတ် လေလံတန်ဖိုးကို နိုင်ငံတော်သို့ ပေးသွင်းခဲ့ပါ သဖြင့် နိုင်ငံတော်အနေဖြင့် နစ်နာမှုမရှိပါ ကြောင်း။
ဇေကမ္ဘာကုမ္ပဏီမှ   လှိုင်သာယာ-ဒလ-တွံတေး-ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်း  ၅၄ မိုင် ၇ဖာလုံအနက် လှိုင်သာယာ-ဒလ- တွံတေးလမ်း ၁၁ မိုင် ၁ ဖာလုံ၊  တွံတေးမြို့ ရှောင်လမ်း ၃ မိုင် ၆ ဖာလုံ၊ ကံဘဲ့-ပျော်ဘွယ် လေး-ဒလလမ်း ၉ မိုင်နှင့် တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်း ၁၇ မိုင် ၅ ဖာလုံ စုစုပေါင်း ၄၁ မိုင် ၄ ဖာလုံကို လုပ်ငန်းများဆောင်ရွက် ခဲ့ပါကြောင်း။

ဇေကမ္ဘာကုမ္ပဏီမှ ဆောင်ရွက်သော B.O.T လမ်းပိုင်း ၅၄ မိုင် ၇ ဖာလုံအနက် ကော့မှူး-ကွမ်းခြံကုန်း-ဒေးဒရဲလမ်းပိုင်း ၁၃ မိုင် ၃ ဖာလုံမှ   လုပ်ငန်းများဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသေးပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်း လမ်းအပိုင်းအားB.O.T နှုန်းဖြင့် လမ်းအသုံး ပြုခ ကောက်ခံခွင့်ပြုထားခြင်း မရှိသေးပါ ကြောင်း၊ ကျန်ရှိနေသော လမ်းပိုင်း ၁၃ မိုင် ၃ ဖာလုံတွင် ကော့မှူး-ကွမ်းခြံကုန်းအပိုင်း ၅ မိုင် ၃ ဖာလုံအား   ၂၄ ပေ  အကျယ် ACခင်းခြင်း၊ တံတားခုနစ်စင်းချဲ့ခြင်းနှင့် ကွမ်းခြံ ကုန်း-ဒေးဒရဲအပိုင်း ၈ မိုင်အား  ၁၈ ပေ အကျယ်   ကတ္တရာထပ်ပိုးလွှာတင်ခြင်း လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် မေလကုန် မိုးမကျမီ အပြီးဆောင်ရွက်ရန် ကုမ္ပဏီအား ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊   ကုမ္ပဏီ အနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်း များ ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ဆောင် ရွက်ချက်နှင့်ပတ်သက်၍ ပြည်သူများ  မလို လားမှုများရှိခဲ့ပါက ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့်  အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဒေးဒရဲမြို့တွင်ရှိသည့်  ကိုယ်စားလှယ်ကြီးများ နှင့်အတူ ပြည်သူများကျေနပ်သည့် လမ်းများ ဖြစ်သည်အထိ ဇေကမ္ဘာကုမ္ပဏီကို အတူတကွ ပူးပေါင်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းနှင့် မွန် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားသည်။

ထို့နောက် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြရာ တနင်္သာရီတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ပုဒ်မ(၄)-က(၅)တွင် လေးဦးထက် မပိုသော အဖွဲ့ဝင်မူပိုင်ခွင့်နှင့် နည်းပညာရှင် များ ဆိုသည့်အစား မူပိုင်ခွင့်နှင့် နည်းပညာရှင် ငါးဦးအဖွဲ့ဝင်ဟုလည်းကောင်း၊ အပိုဒ်(၄)-က (၆)တွင် နှစ်ဦးထက်မပိုသော အဖွဲ့ဝင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များဆိုသည့်အစား  အစိုးရမဟုတ်သော အဖွဲ့အစည်းမှ ကိုယ်စားလှယ်နှစ်ဦးဟုလည်း ကောင်း၊   အပိုဒ်(၂)-ဆတွင်  ယင်းတို့၏ သွင်ပြင်လက္ခဏာများနှင့် အလှအပအဆင် တန်ဆာဆိုသည့်နောက်တွင် သို့မဟုတ် အလှ အပ ကုန်ပစ္စည်းဆိုသည်ကို ဖြည့်စွက်လိုပါ ကြောင်း၊ ပုဒ်မ(၆)-က(၃)တွင် ရှစ်ဦးထက် မပိုသော အဖွဲ့ဝင်မူပိုင်ခွင့်  နည်းပညာဆိုင်ရာ ပညာရှင်များဆိုသည့်အစား     မူပိုင်ခွင့် နည်းပညာဆိုင်ရာပညာရှင်    ရှစ်ဦးဟု ပြင်ဆင်ဖြည့်စွက်လိုပါကြောင်း။

ပုဒ်မ(၆)-က(၄) တွင် ငါးဦးထက်မပိုသော အဖွဲ့ဝင် အစိုးရမဟုတ်သော  အဖွဲ့အစည်း များမှ   ကိုယ်စားလှယ်များဆိုသည့်အစား အစိုးရမဟုတ်သော   အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ငါးဦးဟုလည်းကောင်း၊ ပုဒ်မ (၁၉)-ဂ(၄)တွင် ယခင် အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက် ကုန်ဆုံးပြီးနောက် တစ်နှစ် အတွင်း ဖန်တီးခဲ့သည့် စက်မှုဒီဇိုင်းအပေါ် ယခင်အလုပ်ရှင်က ငွေကြေးနှင့် အထောက် အပံ့မပေးခြင်း စကားရပ်ကို အသစ်ဖြည့်စွက် လိုပါကြောင်း၊ ပုဒ်မ (၂၉)-ခတွင် အယူခံတင် သွင်းထားသည့် ကာလအတွင်း ပုဒ်မ(က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် အခွင့် အရေး    ပြန်လည်ပေးအပ်ရန် တောင်းဆိုလာလျှင် မှတ်ပုံတင်အရာရှိက  ဆိုင်းငံ့ထားရမည်ဆို သည့် နေရာတွင် အယူခံတင်သွင်းခြင်းနှင့် နှစ်ဦးနှစ်ဖက်တရားစွဲဆို ရင်ဆိုင်သည့် ကာလ အတွင်း ပုဒ်မ(က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်းသည့် အခွင့်အရေး ပြန်လည်ပေး အပ်ရန် တောင်းဆိုလာလျှင် မှတ်ပုံတင်အရာ ရှိက ဆိုင်းငံ့ထားရမည်ဟု ဖြည့်စွက်လိုပါ ကြောင်း ဆွေးနွေးသည်။

အလားတူ   ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးက ဆက်လက် ဆွေးနွေးသည်။

ယင်းနောက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ် စားလှယ်များက  ဆွေးနွေးကြရာ  ကချင် ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းက အခန်း(၁) ပုဒ်မ ၂(ည)တွင် ကုန်သည်များဖြင့် စုစည်းထားသော အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ်၏ နောက်တွင်  လူမှုစီးပွားအသင်းအဖွဲ့ သို့မဟုတ် ဟု ဖြည့်စွက်လိုပါကြောင်း၊ အခန်း(၁) ပုဒ်မ၂ (တ)တွင် အခွင့်အရေးရရှိသူ ဆိုသည်မှာ၏နောက်တွင် နိုင်ငံတော်၏ထူးခြားထွက်ကုန် ဒေသရှိ ဌာနေတိုင်းရင်းသားများဆိုသည်ကို ဖြည့်စွက်လိုပါကြောင်း၊  အခန်း(၁၇) မူလ ပြဋ္ဌာန်းချက် ပုဒ်မ (၆၂)၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အရ ပုဒ်မ(၆၄)တွင် အပြည်ပြည်ဆိုင်ရာ အမှတ် တံဆိပ် မှတ်ပုံတင်စနစ် သဘောတူစာချုပ်သို့ နိုင်ငံတော်က အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး နောက် ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက် ထားလိုသူများသည် အပြည်ပြည်ဆိုင်ရာ မှတ်ပုံတင်စနစ်ကို ကျင့်သုံးလိုပါက သတ်မှတ် ချက်နှင့်အညီ မှတ်ပုံတင်အရာရှိထံ လျှောက် ထားနိုင်သည် ဆိုသည်နှင့်စပ်လျဉ်း၍ ယခု ကဲ့သို့လျှောက်ထားမှသာ မူပိုင်ခွင့်တစ်ရပ်ရပ် ကို အကာအကွယ်ရရှိသည့် နိုင်ငံများက အကာအကွယ်ပေးနိုင်မည်  ဖြစ်ပါကြောင်း၊ နိုင်ငံ
တစ်နိုင်ငံတွင်  မှတ်ပုံတင်မထားပါက အကာအကွယ်မရနိုင်ပါကြောင်း၊ နိုင်ငံခြား တိုင်းပြည်တွင် မှတ်ပုံတင်ထားခြင်းဖြင့် မိမိ ကုမ္ပဏီအနေဖြင့်  အထူးသီးသန့်အခွင့်အရေး ခံစားနိုင်ပါကြောင်း၊   နိုင်ငံခြားမှ အခြား ကုမ္ပဏီများထံသို့ မိမိ၏မူပိုင်ခွင့်ကို လိုင်စင် ချထားပေးနိုင်ပါက  လုပ်ငန်းဖွံ့ဖြိုးလာကာ အခြားသူများနှင့် ပေါင်းစပ်ဈေးကွက်ချဲ့နိုင်ပါကြောင်း၊ ယင်းအခွင့်အလမ်းများအတွက် မိမိနိုင်ငံအနေဖြင့်    အပြည်ပြည်ဆိုင်ရာ တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေး  သဘော ထားစာချုပ်အဖွဲ့ဝင်(ပီစီတီ)   အဖွဲ့တွင် ဝင်ရောက်နိုင်ရန် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့အသိÓဏ်ပစ္စည်းအဖွဲ့ကြီး၏ ပီစီတီ လျှောက်လွှာလက်ခံရုံးတွင် ဤဥပဒေ ပြဋ္ဌာန်း ပြီးပါက အမြန်ဝင်ရောက်လျှောက်ထားရန် လိုအပ်ပါကြောင်း အကြံပြုဆွေးနွေးသည်။

အလားတူ ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာ အားကာမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးနှင့် တနင်္သာရီ တိုင်းဒေသကြီး  မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးတို့က ဆက်လက် ဆွေးနွေးကြသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ဇန်န ဝါရီ ၂၉ ရက်တွင် ကျင်းပသွားရန် လျာထား ကြောင်းသိရသည်။
အေးအေးသန့်၊မျိုးသူဟိန်း(သတင်းစဉ်)

No comments:

Post a Comment