Latest News

Friday, January 26, 2018

အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီများစာရင်းတွင် တယ်လီနော စတင်ပါဝင်လာ

အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီများစာရင်းတွင် တယ်လီနော စတင်ပါဝင်လာ

ရန်ကုန် ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံအစိုးရ၏ တစ်နှစ်တာအတွင်း အခွန်ပေးဆောင်မှုအများဆုံး ကုမ္ပဏီများ စာရင်းအရ တယ်လီနောမြန်မာသည် ဝင်ငွေခွန် ကျပ် ၂၄ ဘီလီယံကျော် ထမ်းဆောင်ခဲ့ ပြီး မြန်မာနိုင်ငံတွင် အခွန်ပေးဆောင်မှုအများဆုံး နိုင်ငံတကာ ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်လာကြောင်း သိရသည်။

တယ်လီနောသည် ၂ဝ၁၆-၂ဝ၁၇ စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန်အဖြစ် ကျပ် ၂၄ ဘီလီယံကျော် ထမ်းဆောင်ခဲ့ကာ ဝင်ငွေခွန်ပေးဆောင်မှုအများဆုံး နိုင်ငံတကာ ကုမ္ပဏီများစာရင်းတွင် နံပါတ် (၅) နေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ ထိပ်တန်းအခွန် ပေးဆောင်မှုစာရင်းတွင် ပါဝင်သည့် တစ်ခုတည်းသော ဆက်သွယ်ရေးကုမ္ပဏီဖြစ်ကာ အခွန်ပေးဆောင်မှုအများဆုံး အခြားနိုင်ငံတကာကုမ္ပဏီ လေးခုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတို့မှဖြစ်သည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်လုပ်ဆောင်သည့်အချိန်မှစ၍ ယခုအချိန်အထိ  ဝင်ငွေခွန်အဖြစ် ကျပ် ၂ဝဝ ဘီလီယံကျော်နှင့် ကုန်သွယ်ခွန်အဖြစ် ကျပ် ၅၆ ဘီလီယံကျော်၊ စုစုပေါင်း အခွန်အရပ်ရပ်အဖြစ် ကျပ် ၂၉၅ ဘီလီယံကျော် ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ သူရဖြိုး(မြန်​မာ့အလင်း)

No comments:

Post a Comment