Latest News

Sunday, January 7, 2018

ကော်တင်ဟိုကို ပေါင် ၁၄၅ သန်းဖြင့် လီဗာပူး လက်လွှတ်ခံတော့မည်

ကော်တင်ဟိုကို ပေါင် ၁၄၅ သန်းဖြင့် လီဗာပူး လက်လွှတ်ခံတော့မည်

လီဗာပူးအသင်းသည် အဓိက ကွင်းလယ်ဖန်တီးရှင် ဘရာဇီးကစားသမား ကော်တင်ဟို ကို ဘာစီလိုနာထံ လက်လွှတ်ရောင်းချ တော့မည်ဖြစ်ကြောင်း သိရသည်။

လီဗာပူး အသင်းသည် ပြီးခဲ့သည့် နွေရာသီဈေးကွက်က ကော်တင်ဟိုအတွက် ဘာစီလိုနာမှ သုံးကြိမ်တိုင် ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာသို့ပြောင်းခွင့် တောင်းထားခြင်းကြောင့် ဘာစီလိုနာအနေဖြင့် ပေါင် ၁၄၅ သန်းပေးနိုင်လျှင် ရောင်းချမည်ဟုအကြောင်းပြန်ရာ ဘာစီလိုနာက ထိုပမာဏကိုပေးရန် ပြင်ဆင်ထားခြင်းကြောင့် လီဗာပူးအသင်းသားများ ဒူဘိုင်းသို့ လေ့ကျင့်ရေး ခရီးသွားစဉ် တွင် ကော်တင်ဟိုကို ခေါ်သွားခြင်းမရှိပေ။

ဘာစီလိုနာအသင်းသည် ကော်တင်ဟိုအတွက် ထိုပြောင်းရွှေ့ကြေးသာမက တခြားထပ်ဆောင်း ဆုကြေးများပါပေး၍ ကမ်းလှမ်းမည်ဖြစ်ကြောင်း သိရသည်။

 ကော်တင်ဟို ဘာစီလိုနာသို့ပြောင်းသွားလျှင် စာချုပ်ဖျက်တန်ကြေး သတ်မှတ်ထားခြင်း မရှိသည့် ကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာမည်ဖြစ်သည်။ နေမာကို ပီအက်စ်ဂျီ ဝယ်ယူ စဉ်က စာချုပ်ဖျက်တန်ကြေး ပေါင် ၁၉၈ သန်းပေးခဲ့ရသည်။(MWD)

No comments:

Post a Comment