Latest News

Monday, January 8, 2018

ကျန်းမာရေးမကောင်းသူငဝန်မြစ်ဆိပ်တံတားပေါ် က ခြေချော်ပြုတ်ကျပျောက်ဆုံး

ကျန်းမာရေးမကောင်းသူငဝန်မြစ်ဆိပ်တံတားပေါ် က
ခြေချော်ပြုတ်ကျပျောက်ဆုံး

ပုသိမ်မြို့ အမှတ်(၁)နယ်မြေ စဥ့်အိုးဘိုလမ်း နေခြည်ဦးဆားစက်ရှေ့ ငဝန်မြစ်ဆိပ်တံတားပေါ်မှ ကျန်းမာရေးမကောင်းသူတစ်ဦး ခြေချော် လိမ့်ကျပျောက်ဆုံးမှုဖြစ်ပွားကြောင်းသိရသည်။စုံစမ်းသိရှိရသည်မှာဟင်္သာတမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျန်းမာရေးမကောင်းသဖြင့် အနားယူခဲ့သော ဦးကိုကိုအောင် (၄ဝနှစ်) ပုသိမ်မြို့ အမှတ် ၁ နယ်မြေ စဉ်အိုးဘိုလမ်းနေ အမဖြစ်သူ နှင့်နေထိုင်လျက်ရှိသော ဖခင်ဦးမြသိန်းထံရောက်ရှိလာပြီးရန်ကုန်တွင် ဆေးဝါးကုသရန် တိုင်ပင်၍ ဇန်နဝါရီ ၈ ရက် နံနက်၇ နာရီ  နဝရတ်ကားဖြင့်လိုက်ပါရန် နေခြည်ဦး ဆားစက်ရှေ့ငဝန်မြစ်ဆိပ်တံတားအနီးမှ ခရီးသည်ကြိုပို့ကားစောင့်ဆိုင်း နေရာက ဦးကိုကို အောင်သည် ငဝန်မြစ်ဆိပ်တံတားအနီးတပေါ့တပါးသွားရန် တံတားပေါ်ဆင်းသွားစဉ်  နံနက်ခင်းနှင်းများ စိုရွှဲနေသည်ကို အမှတ်မပြု ဘဲ ခြေချော်၍ ငဝန်မြစ်တွင်းလှိမ့်ကျသွားရာက ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါသတင်းအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ က လွတ်လပ်ရေးအထိမ်း အမှတ်အဖြစ် ပုသိမ်မြို့ ကမ်းနားလမ်းဆင်းတန်ဆောင်းအနီး ဖွင့်လှစ် ထားရှိသော Emergency Operation Center  မှတိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထား သော အရေးပေါ်မြစ်ကြောင်းအန္တရာယ်သက် ကယ်ရေးအဖွဲ့ဝင်များက ဇန်နဝါရီ ၈ ရက်မှ ၉ ရက်အထိ ငဝန်မြစ်အတွင်း စုန်ဆန်ရှာ ဖွေသော်လည်း ဦးကိုကိုအောင်အား မတွေ့ရှိပဲ ၄င်းစီးထားသော ဖိနပ်တစ်ဖက်သာ တွေ့ရှိရသည်ဟု ဆို၏။ ထို့ကြောင့် ပုသိမ်မြို့ မရဲစခန်းမှ သေမှုသေခင်းဖွင့်၍ ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုသိမ်လှကြည်(မြန်​မာ့အလင်း)

No comments:

Post a Comment