Latest News

Friday, January 12, 2018

အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အဆိုပိုင်းမပါတဲ့ တီးခတ်မှုတွေကို ပြုလုပ်သွားမယ့် အီတိုး

အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အဆိုပိုင်းမပါတဲ့
တီးခတ်မှုတွေကို ပြုလုပ်သွားမယ့် အီတိုး

အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အီတိုးအနေဖြင့် ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံသို့ အသံပိုင်းဆိုင်ရာ ဂီတနည်းပညာ ဖန်တီးမှုများကို သွားရောက်တင်ဆက်မည်ဖြစ်ပြီး   လတ်တလော စာသား မပါဘဲ သဘာဝအသံများ၊  တိရစ္ဆာန်များ၏  အသံဖမ်းယူခြင်း၊ နေ့စဉ်သွားလာ လှုပ်ရှားနေသော ပြည်သူများ၏   သဘာဝအသံများ ဖမ်းယူကာ  အဆိုပိုင်းမပါသည့် တီးခတ်မှုများကို အများပြည်သူနှင့်   သက်ဆိုင်သည့်နေရာများ၌    ပြုလုပ်မည်ဖြစ်ကြောင်း   သိရသည်။

''ဒီမှာက   စာသားမပါတဲ့ Music တစ်ခုတီးမယ်ဆို တီးလို့မရဘူး။ စာသားဆိုပါဦး၊ အဲဒီလိုမျိုး ပြဿနာရှိတယ်။ ဒါကြောင့်  စာသားမပါဘဲ  အသံချည်းသက်သက် လက်ခံနိုင်အောင် လုပ်သွားမယ်။  အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ Noise နဲ့ Art ပေါင်းစပ်တီးခတ်တာတွေ လုပ်သွားမယ်။ နိုင်ငံတကာမှာတော့ အများပြည်သူနဲ့ သက်ဆိုင် တဲ့ နေရာတွေမှာ Noise  တီးခတ်တာကို   လက်ခံကြတယ်။

 ပြီးတော့ စာသားကိုဦးစားပေးတဲ့  Music မျိုး မလုပ်ဖြစ်တော့တာကြာပြီ။  အခုက  အသံပိုင်းဆိုင်ရာ  Music  ကို လုပ်ဖြစ်နေတယ်။ ခံယူချက်က   စာသားတွေဆိုတာ   အဓိပ္ပာယ် အများကြီးဖြစ်နေတယ်။ Audio နည်းပညာရှင်တစ်ဦး အနေနဲ့ လိုက်လုပ်ပေးတယ်။ အဲဒီလိုဆက်သွားမှာ။  

အဖေသွားတဲ့ လမ်းကြောင်းနဲ့ ကျွန်တော်သွားတဲ့ လမ်းကြောင်းက  တူတော့မတူဘူးပေါ့။   ကျွန်တော်က   စင်နောက်ကနေ အသံပိုင်းဆိုင်ရာ တစ်နေရာကနေ ထောက်ပံ့ပေးနေမှာပါ။ သီချင်းဆိုဖို့တော့ အစီအစဉ် မရှိပါဘူး'' ဟု အီတိုးကပြောသည်။

အီတိုးသည်  ဖခင်ဖြစ်သူ  အဆိုတော် ဇော်ဝင်းထွဋ်နှင့် တွဲဖက်၍ ပဲ့ကိုင်ရှင်၊  မယ် သီတာခိုးတာ ဘယ်သူလဲ အစရှိသော သီချင်းများ သီဆိုခဲ့ပြီး တစ်ကိုယ်တော်သီဆိုသည့်   စိတ်ချချင်တယ် သီချင်းကိုလည်း    ပရိသတ် ကြိုက်နှစ်သက်မှု ရှိခဲ့သည်။(MWD)

No comments:

Post a Comment