Latest News

Friday, January 12, 2018

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန် အကြိုလေ့လာမှု လုပ်ငန်းစဉ်များ စတင်နေ

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရန်
အကြိုလေ့လာမှု လုပ်ငန်းစဉ်များ စတင်နေ

ရထား မတော်တဆမှုများ မကြာခဏ  ဖြစ်ပေါ်လေ့ရှိသည့်   မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို    အဆင့်မြှင့်တင်ရန် အကြိုလေ့လာမှု လုပ်ငန်းစဉ်များ စတင်နေပြီ ဖြစ်ကြောင်း   မြန်မာ့မီးရထား စစ်ဆေးရေး ဌာန စီမံကိန်းဒါရိုက်တာ ဦးဘမြင့်ထံမှ သိရသည်။ မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို တောင်ကိုရီးယား နိုင်ငံ၏ချေးငွေဖြင့်   ဆောင်ရွက်မည်ဖြစ်ပြီး  ယင်းစီမံကိန်းအတွက်  တင်ဒါခေါ်ယူခြင်းကို မကြာမီ စတင်မည်ဖြစ်‌‌သည်။

''တောင်ကိုရီးယားနိုင်ငံက  အမေရိကန် ဒေါ်လာသန်း ၁ဝဝ ကို အတိုးနှုန်း သက်သက်သာသာနဲ့ ချေးပြီး ဒီလမ်းပိုင်းကို အဆင့်မြှင့်တင်ဖို့ ရှိပါတယ်။ အကြိုလေ့လာမှု လုပ်ငန်းတွေပြီးမှပဲ ငွေချေးယူတဲ့ကိစ္စတွေ၊   တင်ဒါခေါ်ယူတာတွေ  ဆက်လုပ်ရမှာပါ။    ခန့်မှန်းခြေ အားဖြင့်တော့ စီမံကိန်းကို နောက်နှစ်နှစ်လောက်မှ စတင်နိုင်ပါမယ်''ဟု ဦးဘမြင့်က ပြောသည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်း အကြီးစား ပြုပြင်ခြင်းကို  မစတင်နိုင်သေးသော်လည်း ရထားမတော်တဆမှုများ လျော့နည်းစေရေး အတွက်  မြန်မာ့မီးရထား အစီအစဉ်ဖြင့် လိုအပ်သည့် ပြုပြင်မှုတချို့   အကြိုပြုလုပ်မည်‌ ဖြစ်‌‌ကြောင်း သိရသည်။(MWD)

No comments:

Post a Comment