Latest News

Sunday, January 28, 2018

အကယ်ဒမီဆု က အနုပညာသမားရဲ့ အသက်ပါပဲ - ဟိန်းမင်း

အကယ်ဒမီဆု က အနုပညာသမားရဲ့ အသက်ပါပဲ - ဟိန်းမင်း

အနုပညာသက်တမ်း နှစ်(၄၀)အတွင်း “ ကျွန်” ဇာတ်ကားနဲ့  ပထမဦးဆုံး ဇာတ်ပို့ အကယ်ဒမီဆု ထင်ကြေးပေးခံရတာ ၀မ်းသာတယ်၊ ဒီဆု က အနုပညာသမားတစ်ယောက် အတွက် အသက်ပါပဲလို့ ဟိန်းမင်း က MC သို့ပြောပါတယ်။

“ ပရိသတ်အားလုံးကလည်း ကိုယ်ထင်တာထက်တောင် အားပေးနေကြတာ။ FaceBook ထဲမှာ တော်တော်ကြီးကို သတင်းကကြီးသွားတာ။ ကိုယ့်စေတနာ ကိုယ်အကျိုးပေးတာပေါ့လေ။ ကိုယ်တို့ အရင်တုန်းကဆိုရင် အကယ်ဒမီရဖို့တောင် မပြောနဲ့ အကယ်ဒမီ ဖိတ်စာရဖို့တောင် ပွဲတတ်ဖို့မလွယ်ဘူး။ ကိုယ်တို့ခေတ်တုန်းပေါ့။ အကယ်ဒမီဆိုတာက အနုပညာသမားရဲ့ အသက်ပဲ။ ထူးချွန်ဆု လို့သတ်မှတ်တယ်။ မထူးချွန်ပဲနဲ့တော့ မရဘူး။ အဲ့တာတော့ ရှိတယ်။ အကယ်ဒမီ ထူးချွန်ဆုနဲ့ ပက်သက်ပြီးတော့ အနှစ်(၄၀)ကျော် ဒီလုပ်ငန်းမှာ လုပ်လာတာ ၊ ကောလိပ်ဂျင် နေ၀င်းတို့နဲ့တောင် တွဲလာတာ။ ရှေ့မှီနောက်မှီလို့လည်း ပြောလို့ရတယ်။ အကယ်ဒမီထူးချွန်ဆုဆိုတာ အင်မတန်မှ တန်ဖိုးလည်း ရှိတယ်၊ အရေးလည်းကြီးတယ်။ ကုသိုလ်ကံလည်းပါတာပေါ့။ ပရိသတ်တွေ ဖေ့ဘွတ်ကနေအရမ်းအားပေးတာ ကျေးဇူးတင်တယ်” - ဟိန်းမင်း
Myanmar Celebrity

No comments:

Post a Comment