Latest News

Sunday, January 28, 2018

တံတားဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံး လေးဦးဒဏ်ရာရရှိ

တံတားဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံး လေးဦးဒဏ်ရာရရှိ

တံတားဦး ဇန်နဝါရီ ၂၈

တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းမကြီးရဲစခန်းပိုင်၌ ယာဉ်တိုက်ခိုက်မှုဖြစ်ပွား၍ ဆေးရုံသို့ပို့စဉ် လူနှစ်ဦးသေဆုံးပြီး
လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ  ဇန်နဝါရီ ၂၈ရက် ၀၅:၅၀အချိန်ခန့်တွင် တံတားဦးမြို့နယ် စကားအင်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၃၄၆/၀နှင့် ၁ အကြား နေုပြည်တော်ဘက်မှ မန္တလေးဘက်သို့ ဝမ်းတွင်းမြို့နယ် ဆည်ရွာကျေးရွာနေ ယာဉ်မောင်းနေလင်း(၂၅)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 1H/------- DYNA အပြာရောင်မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ လှိုင်သာယာမြို့နယ် (၈)ရပ်ကွက် ပဒေသာ(၃) လမ်းနေ ယာဉ်မောင်း ကျော်လင်းဦး(၃၅)နှစ်မောင်းနှင်လာသော ယာဉ်အမှတ် 1H/------- PROBOX အမျိုးအစား ခဲရောင်ယာဉ်၏ နောက်ပိုင်းအား ဝင်ရောက်တိုက်ခိုက်မိခဲ့ကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ် သိန်းဗိုလ်ပါ ရဲတပ်ဖွဲ့ဝင်များ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များ အမြန်လမ်းအရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ဝင်များ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးရာ
DYNA ယာဉ်ပေါ်ပါရှိသူ ကျားသုံးဦးအနက် ကျားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး PROBOX ယာဉ်ပေါ်မှ ယာဉ်မောင်းပါ (ကျား)နှစ်ဦး (မ)လေးဦးအနက် (မ)နှစ်ဦးသေဆုံးကာ ကျားတစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း PROBOX ယာဉ်မှာ တန်ဖိုးငွေ ဆယ်သိန်းကျပ်ဆုံးရှုံးခဲ့ပြီး DYNAယာဉ်မှာ တန်ဖိုးငွေ ခုနှစ်သိန်းခန့် ဆုံးရှုံခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင် ယာဉ်ဖြင့် တံတားဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျှော့စွာ မောင်းနှင်သူ ယာဉ်မောင်းနေလင်းအား စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ဘိုဘို(မလှိုင်)မြန်​မာ့အလင်း

No comments:

Post a Comment