ပေါင် ဇန္နဝါရီ ၁၄
အုန်းတပင်ကျေးရွာမှ မဝေေ၀ ခိုင်သည် ဘုရားဖူးသွားနေရင်းဇန္နဝါရီ၅ရက်နေ့က ရာမညယူနိုက်
တက်ကျောက်ထုတ်ကုမ္ပဏီဝင်းအတွင်း၌ လိမ့်ကျလွင့်စင်လာသော ကျောက်ခဲများ ထိမှန်၍ဒဏ်ရာရ
ကာသေဆုံးသွားပြီးခင်ပွန်းကိုဖြိုးကျော်ဆိုသူမှာလည်းဒဏ်ရာရပြီးဆေးကုနေရသည်။ရဲမှ အဆိုပါအမှုအား
သေမှုသေခင်းအဖြစ်သာ အမှုဖွင့်ပြီးစစ်ဆေးနေခဲ့သော်လည်းဇန္နဝါရီ၉ ရက်နေ့က သထုံခရိုင်အုပ်ချုပ်ရေးမှုး ဦးတေဇာ အောင် နှင့်အဖွဲ့က အဆိုပါကျောက်မိုင်းသို့ကွင်းဆင်းလာရောက်စစ်ဆေးမှုပြုလုပ်သွားပြီး
နောက်ပိုင်း ဒဏ်ရာရထားသူကိုဖြိုးကျော်မှလည်းစကားကောင်းစွာပြောဆိုနိုင်လာပြီး၎င်း၏ပြောပြချက်အရ အခင်းဖြစ်ချိန်က တောင်ကုန်းပေါ်တွင် အလုပ်လုပ်နေသော ကားတစ်စီးတွေ့ခဲ့ရသော အဖြစ်မှန်
ပေါ်ပေါက်လာခဲ့သည်။
ဇန္နဝါရီ ၁၁ ရက်နေ့တွင် အဆိုပါအမှုအား ပေါ့လျော့ခြင်းဖြင့်လူသေစေမှု ပုဒ်မ ၃၀၄ -က သို့ ရဲကတရား
လိုပြုလုပ်အမှုဖွင့်ထားပြီးဖြစ်ကြောင်း အမှု စစ်ရဲအုပ်ဇော်မိုးဝင်းထံ မေးမြန်းအတည်ပြုသိရသည်။
Paung Daily
Wednesday, January 17, 2018
ခရိုင်အုပ်ချုပ်ရေးမှုးကွင်းဆင်းစစ်ဆေးပြီးနောက်ပိုင်း ရာမညယူနိုက်တက်ကျောက်မိုင်း ၏လူသေမှု ကို ပုဒ်မ၃၀၄-က ဖြင့် ပြောင်းလဲအမှုဖွင့်
ခရိုင်အုပ်ချုပ်ရေးမှုးကွင်းဆင်းစစ်ဆေးပြီးနောက်ပိုင်း ရာမညယူနိုက်တက်ကျောက်မိုင်း ၏လူသေမှု ကို ပုဒ်မ၃၀၄-က ဖြင့် ပြောင်းလဲအမှုဖွင့်
Reviewed by timeayeyar
on
5:40 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment