Latest News

Wednesday, January 17, 2018

ဘီလ္ဂိတ္ရဲ႕စာဖတ္နည္းစည္းမ်ဥ္း (၄) သြယ္"


. ကမၻာေပၚက ဒိတ္ဒိတ္က်ဲခ်မ္းသာသူေတြမွာအေတြ႕မ်ားၾကတဲ႕ ေကာင္းမြန္တဲ႕အေလ႕အက်င္႕သာမက သူတုိ႕ရဲ႕လ်ိဳ႕ဝွက္ခ်က္လို႕ပါလက္ခံထားၾကတဲ႕အခ်က္ကေတာ႕ "စာဖတ္ျခင္း" ပါဘဲ။ သူတုိ႕ထဲက ၾကီးျမတ္တဲ႕လူမႈကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ရင္း အထူးျခားဆံုးထိပ္သီးအလွဴရွင္တစ္ျဖစ္လဲ အခ်မ္းသာဆံုးေနရာမွာ ႏွစ္အတန္ၾကာေနရာယူထားတဲ႕ ဘီလ္ဂိတ္ရဲ႕စာဖတ္နည္းစည္းမ်ဥ္း (၄) သြယ္ကုိ ေဖာက္သည္ခ်လုိက္ပါရေစ။
.
.
၁.. ဖတ္သမွ်ထဲကမွတ္သားစရာေတြကုိမွတ္စုထုတ္ပါ
.
"စာတစ္အုပ္္ဖတ္ေနတဲ႕အခ်ိန္မွာ စာအုပ္ကိုပဲ အာရံုစူးစိုက္ေနဖို႕အတြက္ မိတ္ေဆြေသေသခ်ာခ်ာဂရုစုိက္သင္႕ပါတယ္"

"အထူးသျဖင္႕ ဝတၳဳမဟုတ္တဲ႕ Nonfiction Book ေတြမွာဆိုရင္ အသိပညာအသစ္ေတြ နဲ႕ နာယူမွတ္သားစရာေတြတြဲလ်က္ပါလာတတ္တယ္။ ဒါကုိ ကုိယ္႕မွာရွိတဲ႕ ဗဟုသုတနဲ႕တြဲစပ္မွတ္သားဖို႕ သိပ္လိုအပ္တယ္။ ဒါေၾကာင္႕ မွတ္စုထုတ္ / မ်ဥ္းသားျပီး စာအုပ္ထဲမွာ ဘာပါလာမလဲဆိုတာ အျမဲစိတ္ဝင္တစားစဥ္းစားပါတယ္" လို႕ ေျပာၾကားသူက ဘီလ္ဂိတ္ ျဖစ္ပါတယ္။
.
.
၂.. ျပီးေအာင္ဖတ္ႏုိင္မယ္႕စာအုပ္ကိုသာဖတ္ပါ
.
ဘီလ္ဂိတ္ရွင္းျပတာက "ျပီးေအာင္မဖတ္ႏို္င္ဘူးလို႕ထင္တဲ႕စာအုပ္ကုိ မဖတ္ပဲေနတာက ပိုေကာင္းပါလိမ္႕မယ္။ လူတစ္ခ်ိဳ႕အတြက္ေတာ႕ လိုက္နာရခက္ခ်င္ခက္ေနလိမ္႕မယ္။ ဒါေပမဲ႕ စာအုပ္ထဲမွာ စာေရးသူရဲ႕ဆိုလိုရင္း - Value တစ္ခုခုရွိေနမွာေသခ်ာတယ္"

"ဒါေၾကာင္႕ မိတ္ေဆြဟာ ဒီစာအုပ္ကုိမျပီးႏုိင္ဘူးဆိုရင္ စာေရးသူရဲ႕အဓိကေပးခ်င္တဲ႕အေၾကာင္းအရာေတြကုိလြတ္သြားႏုိင္သလို နားလည္မႈကြက္လပ္ၾကီးတစ္ခုလည္းျဖစ္သြားႏုိင္တယ္"

"ေနာက္ထပ္ျဖစ္ႏုိင္တဲ႕အားနည္းခ်က္တစ္ခုက စာအုပ္ကို မိတ္ေဆြက ဟိုတစ္ျဖတ္ ဒီတစ္ျဖတ္ဖတ္ရင္းရလာမယ္႕အသိပညာဟာ စာေရးသူေပးခ်င္တဲ႕ စုေပါင္းအသိကုိေရာက္ဖို႕အတားအဆီးျဖစ္သြားႏုိင္ပါတယ္"
.
.
၃.. စာအုပ္လား? eBook လား? ကုိယ္နဲ႕ကိုက္ညီတာကိုဖတ္ပါ
.
"စာအုပ္နဲ႕ဖတ္ဖတ္ ကြန္ပ်ဴတာ၊ တယ္လီဖုန္းေပၚက ဒစ္ဂ်စ္တယ္စာအုပ္ - eBook ကုိပဲဖတ္ဖတ္ သင္႕သလုိဖတ္ပါ။ ညဘက္စာဖတ္ခ်ိန္မွာေတာ႕ မဂၢဇင္းဆုိလည္းဖတ္တာပဲ . . စာအုပ္ဆုိလည္းဖတ္လုိက္တာပါပဲ" ဘီလ္ဂိတ္ ဆက္ေျပာပါတယ္။

"ဒါေၾကာင္႕ ဘယ္သူက စာအုပ္ဖတ္လုိ႕ ဘယ္သူကေတာ႕ eBook ဖတ္လို႕ ကုိယ္ကလုိက္ဖတ္ရမယ္ဆုိတာမ်ိဳးမဟုတ္ပဲ ကုိယ္နဲ႕သင္႕ေတာ္တဲ႕အေနအထားမွာ သင္႕ေတာ္တဲ႕စာအုပ္မ်ိဳးကုိေရြးခ်ယ္ပါ"
.
.
၄.. အနည္းဆံုး အခ်ိန္ (၁) နာရီယူျပီး စာအုပ္ဖတ္ပါ
.
"ဒီေနရာကို (၅) မိနစ္ဖတ္လိုက္၊ ဟုိစာပုိဒ္ေလးကို (၁ဝ) မိနစ္ဖတ္လိုက္ . . စာအုပ္ဖတ္တယ္ဆိုတာ ဒီလိုမ်ိဳးလုပ္ရတဲ႕အရာမဟုတ္ပါဘူး။ စာအုပ္ဟာ အစကေန အဆံုးအာရံုစိုက္ဖတ္ရႈသင္႕တယ္"

"ခုနကေျပာသလုိ မိနစ္ပုိင္းအလုိက္ဖတ္သြားတာမ်ိဳးကုိ မဂၢဇင္း၊ ေဆာင္းပါး နဲ႕ ဝတၳဳတုိ အျပင္ YouTube ဗီဒီယုိတုိ႕က အခ်ိန္တုိေလးအတြင္းအစားထုိးသြားႏုိင္တာျဖစ္လို႕ပါ" ဘီလ္ဂိတ္ရဲ႕စကားေတြျဖစ္ပါတယ္။
.
.
ဘာသာျပန္သူရဲ႕အျမင္ ။။။။။။။။။။ ကြ်န္ေတာ္တို႕ဖတ္ေနက် Facebook မွာပ်ံ႕လြင္႕ေနတဲ႕ ဆိုစာ၊ ဆဲစာ၊ ေထ႕စာ၊ ေငါ႕စာ ေတြအစား အခုပဲ အျပီးအထိဖတ္ႏုိင္မယ္႕ အက်ိဳးရွိတဲ႕စာအုပ္တစ္အုပ္ကေန စတင္လုိက္ၾကပါစို႕ . .။
.
. ခင္လ်က္
.
. ကုိညီညီ (ေတာင္ၾကီး)
. 01-17-2018
.
Ref: https://www.inc.com/…/bill-gates-follows-4-rules-to-get-mos…
.
Video: https://www.youtube.com/watch?v=eTFy8RnUkoU
.
.
Unicode Version:
.
.
. "ဘီလ်ဂိတ်ရဲ့စာဖတ်နည်းစည်းမျဉ်း (၄) သွယ်"
. ကမ္ဘာပေါ်က ဒိတ်ဒိတ်ကျဲချမ်းသာသူတွေမှာအတွေ့များကြတဲ့ ကောင်းမွန်တဲ့အလေ့အကျင့်သာမက သူတို့ရဲ့လျို့ဝှက်ချက်လို့ပါလက်ခံထားကြတဲ့အချက်ကတော့ "စာဖတ်ခြင်း" ပါဘဲ။ သူတို့ထဲက ကြီးမြတ်တဲ့လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရင်း အထူးခြားဆုံးထိပ်သီးအလှူရှင်တစ်ဖြစ်လဲ အချမ်းသာဆုံးနေရာမှာ နှစ်အတန်ကြာနေရာယူထားတဲ့ ဘီလ်ဂိတ်ရဲ့စာဖတ်နည်းစည်းမျဉ်း (၄) သွယ်ကို ဖောက်သည်ချလိုက်ပါရစေ။
.
.
၁.. ဖတ်သမျှထဲကမှတ်သားစရာတွေကိုမှတ်စုထုတ်ပါ
.
"စာတစ်အုပ််ဖတ်နေတဲ့အချိန်မှာ စာအုပ်ကိုပဲ အာရုံစူးစိုက်နေဖို့အတွက် မိတ်ဆွေသေသေချာချာဂရုစိုက်သင့်ပါတယ်"

"အထူးသဖြင့် ဝတ္ထုမဟုတ်တဲ့ Nonfiction Book တွေမှာဆိုရင် အသိပညာအသစ်တွေ နဲ့ နာယူမှတ်သားစရာတွေတွဲလျက်ပါလာတတ်တယ်။ ဒါကို ကိုယ့်မှာရှိတဲ့ ဗဟုသုတနဲ့တွဲစပ်မှတ်သားဖို့ သိပ်လိုအပ်တယ်။ ဒါကြောင့် မှတ်စုထုတ် / မျဉ်းသားပြီး စာအုပ်ထဲမှာ ဘာပါလာမလဲဆိုတာ အမြဲစိတ်ဝင်တစားစဉ်းစားပါတယ်" လို့ ပြောကြားသူက ဘီလ်ဂိတ် ဖြစ်ပါတယ်။
.
.
၂.. ပြီးအောင်ဖတ်နိုင်မယ့်စာအုပ်ကိုသာဖတ်ပါ
.
ဘီလ်ဂိတ်ရှင်းပြတာက "ပြီးအောင်မဖတ်နို်င်ဘူးလို့ထင်တဲ့စာအုပ်ကို မဖတ်ပဲနေတာက ပိုကောင်းပါလိမ့်မယ်။ လူတစ်ချို့အတွက်တော့ လိုက်နာရခက်ချင်ခက်နေလိမ့်မယ်။ ဒါပေမဲ့ စာအုပ်ထဲမှာ စာရေးသူရဲ့ဆိုလိုရင်း - Value တစ်ခုခုရှိနေမှာသေချာတယ်"

"ဒါကြောင့် မိတ်ဆွေဟာ ဒီစာအုပ်ကိုမပြီးနိုင်ဘူးဆိုရင် စာရေးသူရဲ့အဓိကပေးချင်တဲ့အကြောင်းအရာတွေကိုလွတ်သွားနိုင်သလို နားလည်မှုကွက်လပ်ကြီးတစ်ခုလည်းဖြစ်သွားနိုင်တယ်"

"နောက်ထပ်ဖြစ်နိုင်တဲ့အားနည်းချက်တစ်ခုက စာအုပ်ကို မိတ်ဆွေက ဟိုတစ်ဖြတ် ဒီတစ်ဖြတ်ဖတ်ရင်းရလာမယ့်အသိပညာဟာ စာရေးသူပေးချင်တဲ့ စုပေါင်းအသိကိုရောက်ဖို့အတားအဆီးဖြစ်သွားနိုင်ပါတယ်"
.
.
၃.. စာအုပ်လား? eBook လား? ကိုယ်နဲ့ကိုက်ညီတာကိုဖတ်ပါ
.
"စာအုပ်နဲ့ဖတ်ဖတ် ကွန်ပျူတာ၊ တယ်လီဖုန်းပေါ်က ဒစ်ဂျစ်တယ်စာအုပ် - eBook ကိုပဲဖတ်ဖတ် သင့်သလိုဖတ်ပါ။ ညဘက်စာဖတ်ချိန်မှာတော့ မဂ္ဂဇင်းဆိုလည်းဖတ်တာပဲ . . စာအုပ်ဆိုလည်းဖတ်လိုက်တာပါပဲ" ဘီလ်ဂိတ် ဆက်ပြောပါတယ်။

"ဒါကြောင့် ဘယ်သူက စာအုပ်ဖတ်လို့ ဘယ်သူကတော့ eBook ဖတ်လို့ ကိုယ်ကလိုက်ဖတ်ရမယ်ဆိုတာမျိုးမဟုတ်ပဲ ကိုယ်နဲ့သင့်တော်တဲ့အနေအထားမှာ သင့်တော်တဲ့စာအုပ်မျိုးကိုရွေးချယ်ပါ"
.
.
၄.. အနည်းဆုံး အချိန် (၁) နာရီယူပြီး စာအုပ်ဖတ်ပါ
.
"ဒီနေရာကို (၅) မိနစ်ဖတ်လိုက်၊ ဟိုစာပိုဒ်လေးကို (၁ဝ) မိနစ်ဖတ်လိုက် . . စာအုပ်ဖတ်တယ်ဆိုတာ ဒီလိုမျိုးလုပ်ရတဲ့အရာမဟုတ်ပါဘူး။ စာအုပ်ဟာ အစကနေ အဆုံးအာရုံစိုက်ဖတ်ရှုသင့်တယ်"

"ခုနကပြောသလို မိနစ်ပိုင်းအလိုက်ဖတ်သွားတာမျိုးကို မဂ္ဂဇင်း၊ ဆောင်းပါး နဲ့ ဝတ္ထုတို အပြင် YouTube ဗီဒီယိုတို့က အချိန်တိုလေးအတွင်းအစားထိုးသွားနိုင်တာဖြစ်လို့ပါ" ဘီလ်ဂိတ်ရဲ့စကားတွေဖြစ်ပါတယ်။
.
.
ဘာသာပြန်သူရဲ့အမြင် ။။။။။။။။။။ ကျွန်တော်တို့ဖတ်နေကျ Facebook မှာပျံ့လွင့်နေတဲ့ ဆိုစာ၊ ဆဲစာ၊ ထေ့စာ၊ ငေါ့စာ တွေအစား အခုပဲ အပြီးအထိဖတ်နိုင်မယ့် အကျိုးရှိတဲ့စာအုပ်တစ်အုပ်ကနေ စတင်လိုက်ကြပါစို့ . .။
.
. ခင်လျက်
.
. ကိုညီညီ (တောင်ကြီး)
. 01-17-2018

No comments:

Post a Comment