Latest News

Wednesday, January 17, 2018

သူ (သို့ ) ဧရာဝတီတိုင်းဝန်ကြီးချုပ် (သို့ ) မန်းဂျွန်နီ (သို့ ) ဖထီးဟုခေါ်သည်။ (သို့ ) ကက်သလစ်ခရစ်ယာန်စိတ်ဓာတ်အပြည့်ဖြင့်နိုင်ငံရေးဇာတ်ခုံတွင်ကပြခဲ့သူ


ရဟန်းမင်းကြီးသည်ကက်သလစ်လူငယ်၊ လူလတ်များကိုနိုင် ငံရေးဝင်လုပ်ကြရန်၊ စိတ်ဝင်စားရန်အားပေးပါသည်။ နိုင်ငံရေးသည် ကြောက်စရာကောင်းသောအရာမဟုတ်။ အဘယ်သူမျှလွန်ဆန်နိုင်သော စနစ်မဟုတ်။ ယုတ်စွဆုံးပြောရလျင်လူတစ်ဦး သည်ဘာ သာရေးကိုသက် ၀င်ယုံကြည်မူမရှိဘဲနိုင်ငံတစ်ခုတွင်နိုင်ငံသားအဖြစ်နေထိုင်နိုင်သည်။ သို့  သော်သူနေထိုင်သောနိုင်ငံ၏ဖွဲ့ စည်းပုံကိုမလိုက်နာ၊ မသိ၍မရ။ လိုက်နာ ရပေမည်။ နိုင်ငံရေး ဟုဆိုလိုက်လျင်အကျဉ်းထောင်ကိုကြိုမြင်နေကြပါ သည်။ မဆန်းပါ။ စာရေးသူတို့ ရင်းနှီးမိတ် ဆက်ခံခဲ့ရသောနိုင်ငံရေးသ မိုင်းစာမျက်နှာမှာထိုသို့ တံဆိပ်ခတ်နှိပ် ခဲ့သောကြောင့်ဖြ စ်ပါ သည်။ သို့  သော်ယခုအခါနိုင်ငံရေးဇာတ်ခုံ၏အပြင်အဆင်နှင့်ဇာတ်လမ်း၊ ဇာတ် ကွက်မှာ တဖြည်းဖြည်းပြောင်းလဲလာနေပြီဟုစာရေးသူဆိုလိုက်လျင်အ ပြည့်အ၀မထောက် ခံသော် လည်း၊ အကျောက်အကန်ငြင်းမည့်သူရှားမည် ဟုထင်ပါသည်။

ကောင်းလေစွ။ ပညာရှိများ၊ လူကြီးသမများပြောခဲ့သည်မှာအ ကြောင်းမဲ့ သက်သက် မဟုတ်ပေ။ အထူးသဖြင့်ရဟန်းမင်းကြီးသည်စာ ရေးသူတို့ ၏ကက်သလစ်သာ သနာတော် တွင်အမြင့်ဆုံးသောအမူတော် ကိုထမ်းဆောင်နေသော၊ သန့် ရှင်းသောဝိညာဉ်တော်၏ အ လင်းကိုလည်း စက္ကန့် မလပ်ခံစာနေရသောပုဂိုလ်မြတ်၊ ရေတို၊ ရေရှည်အကျိုး၊ အဆိုးကို ကြိုမြင်တတ်တဲ့ပညာရှိပါ။ ထို့ ကြောင့်ယခင်နှစ်ကသူမိန့် ကြားခဲ့သောသြ ၀ါဒတစ် ခုမှတိုက် တွန်းချက်ဖြစ်သောကက်သလစ်လူငယ်၊ လူလတ်များနိုင် ငံရေးကိုစိတ်ဝင်စားပါဟူသည်ယနေ့ စာရေးသူတို့ မြန်မာနိုင်ငံအတွက် ကြိုမြင်၍မိန့် ခဲ့လေသလားဟုယခုရက်ပိုင်း စာရေးသူ ဦးနှောက်စားနေမိပါ သည်။

အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးဇာတ်ခုံကဆီနီယာ တွေအသက်အ ရွယ်ကြောင့်ပျောက်သူတွေပျောက်၊ ကျန်းမာရေးကြောင့် ခုံလဲသူတွေလဲ၊ စွမ်းဆောင်ရည်တွေနဲ့ တိုင်းလာလို့ နေရာဖယ်သူတွေ ဖယ်နေကြပြီ။ အသက်အရွယ်နှင့် ကျန်းမာရေးကြောင့်နေရာ လဲပေးသော ဖထီး (ဧရာဝတီတိုင်းဒေသကြီး၏၀န်ကြီးချုပ်) လည်းတစ်ဦးပါသွားခဲ့ပြီ။ သူသည် စာရေးသူတို့ ၏ကက်သလစ်ဘာသာဝင်။ ဘာသာဝင်မှအမည်ခံ ရုံမဟုတ်။ အမှန်အကန်။ အမှန်အကန်ဆိုရာ၌သာချိန်၌သာမဟုတ်၊ နာ ချိန်တွင်လည်းကောင်း၊ အခွင့်အရေးကောင်း များမျက်စပစ်ပြလျင်ပင် ယောင်၍မျက်စောင်းလေးပင်မထိုးခဲ့သော ယုံကြည်ခြင်းဖြင့် တည် ကြည်ခဲ့ သူ။ အခြေအနေပေးလျင်တနင်္ဂနွေနေ့ မစ္ဆားတရားမပြတ်သူ။ ထောင် တွင်းအ ကျဉ်းကျနေစဉ်မှတ်မိသောကျမ်းချက်များနှင့်စိပ်ပုတီးကိုမပြတ်စိတ် ရင်းဝိညာဉ်အသက် တာ ခွန်အားဖြည့်တင်း၍စစ်ကြောရေးဒဏ်ကိုကြံ့ကြံ့ခံ ခဲ့သူ။ သူနေရာလဲပေးလိုက်၍ ကက်သ လစ်ဘာသာတူများသာနှမျောနေ ကြသည်မဟုတ်။ လုပ်ဖော်ကိုင်ဖက်၊ သူနှင့်သိကျွမ်းခဲ့ရ သူ များ၊ အထူးသ ဖြင့်ဧရာဝတီတိုင်းဒေသကြီးမှပြည်သူများခံစားစိတ်မကောင်းဖြစ်နေကြ သည်။ သူ၏ခရစ်ယာန်စိတ်ဓာတ်အပြည့်ဖြင့်ပြောဆိုတတ်၊ လုပ်ဆောင် တတ်၊ ရှင်သန်ခဲ့သော သက်သေသည်လူတို့ ၏စိတ်ထဲတွင်သံမှိုနက်သ ကဲ့သို့ ရှိခြေဦးမည်။ လူသေလျင်လည်း အမည်မသေစေချင်သောဘာသာ ရေးအခြေခံသည့်နိုင်ငံရေးသမားကောင်းဖြစ်ပါသည်။ စာရေးသူလည်းသူ့  အတွက်အလွန်နှမျောမိပါသည်။ စိတ်မကောင်းဖြစ်ရပါသည်။

နှမျောမိသော်လည်းသူရိုးသားစွာပြောကြားခဲ့သကဲ့သို့ ကျန်း မာရေး၊ အသက်အ ရွယ်အဘယ်သူဟန့် တားလေျာ့ချပေးနိုင်သနည်း။ လုံး ၀မရှိပါ။ ထို့ ကြောင့်အချိန်တန် လျင်ဖြစ်စေ၊ ကြောင်းကျိုးတိုက်ဆိုင်သွား လျင်ဖြစ်စေစာရေးသူတို့ ဘ၀၌လည်းသူကဲ့သို့ ကြုံ လာရပေမည်။ သို့  သော်စာရေးသူ၏စာဖတ်ဓမ္မမိတ်ဆွေများအား ဦးနှောက်စားစေလို သည် မှာသူလိုလူ၏နေရာကိုယခု၊ နောက်မျိုးဆက်သစ်နိုင်ငံရေးလူငယ်များဝင် ယူရန်ရှိနေပြီလော။ ရှိလာမည်လော။ ယခုမရှိသေးလျင်ကက်သလစ်ဘာ သာဝင်နိုင်ငံရေးသမားတစ်ဦးမတိုး သည့် အပြင်လျော့နေပေဦးမည။ ပြင် ဆင်ရန်အချိန်မတန်သေးဟုပြောနေမည်ဆိုလျင်၊ နောက် ဆယ်နှစ်ကြာမှ လော၊ နောက်နှစ်တယ်နှစ်လော။

နောက်တစ်ချက်စာရေးသူအကြံပြုလိုသည်မှာဓမ္မမိတ်ဆွေများ အနေဖြင့်မိမိတို့  ၏ သာသနာအတွင်းရှိလက်ရှိဝန်ကြီး၊ လွှတ်တော်အမတ် တာဝန်ကိုထမ်းနေ ဆဲကက်သ လစ် ဘာသာဝင်များ၏အမည်နာမ၊ ရာထူး၊ နေရပ်များကိုဖော်ပြပေးနိုင်လျင်လည်း မျိုးဆက်သစ် ကက်သလစ်လူငယ်များအတွက်ခွန်အား၊ အလင်းပျောက်တစ်ခုဖြစ်ပေမည်ဟုယူဆ၍ရေးသား တင်ပြလိုက်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၏၀န်ကြီးချုပ်ဦးမန်းဂျော်နီ (ဖထီး) ကိုလည်း ကက်သလစ်သာသနာ၏ပုံရိပ်ကိုတက်အောင်တာဝန် ထမ်းဆောင်ခဲ့ရသော (၂) နှစ်တာကာ လနှင့်ဖြတ်သန်းခဲ့ရသောခါးသီး သည့်နိုင်ငံရေးကာလ၌ပေးဆက်ခဲ့မူများအား လုံးအတွက်ကို လည်းအထူးဂုဏ်ယူ၊ ဂုဏ်ပြုလေးစားလျှက်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
Cle Pike

No comments:

Post a Comment