Latest News

Sunday, January 14, 2018

မုန်ညှင်းခင်းထဲ မြုပ်ထားသည့် စိတ်ကြွဆေးပြား ကျပ်ငွေ ၄၇ သိန်းဖိုး သိမ်းဆည်းရမိ

မုန်ညှင်းခင်းထဲ မြုပ်ထားသည့် စိတ်ကြွဆေးပြား ကျပ်ငွေ ၄၇ သိန်းဖိုး သိမ်းဆည်းရမိ

နမ္မတီး ဇန်နဝါရီ ၁၄

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လမ်းခွကျေးရွာတွင် ဇန်နဝါရီ၁၃ရက် ညနေ၄နာရီခွဲက မူးယစ်ဆေးဝါးသတင်းအရ နေအိမ်ဝင်ရောက်ရှာဖွေရာမှ မုန်ညှင်းခင်းအတွင်း မြုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် နမ္မတီးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်လွန်းအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ကျေးရွာသက်သေများနှင့် အတူ မူးယစ်ဆေးဝါးရောင်းချနေသည့်သတင်းအရ လမ်းခွကျေးရွာ ထွယ်ဆန်ရပ်ကွက် ဒေါ်ဘောက်ဂျာ(၅၃)နှစ်၏ နေအိမ်သို့ဝင်ရောက်စစ်ဆေးရှာဖွေရာ ဒေါ်မန်နန်(၅၇)နှစ်အား အတူ တွေ့ရှိရပြီး ဒေါ်မန်နန်၏ခန္ဓာကိုယ်တွင်ဝတ်ဆင်ထားသည့် လုံချည်ဖြင့် ခါးကြား၌လိပ်ထားသည့် 88/1စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၈၀ ပြားနှင့် မူးယစ်ဆေးဝါးရောင်းချရရှိငွေ ၈၀၀၀၀ ကျပ်၊နေအိမ်မြောက်ဘက်ရှိ မုန်ညှင်းခင်းတွင် ကော်ဗူးဖြင့်မြုပ်ထားသည့် 88/1စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၇၆၀ ပြားအား သိမ်းဆည်းရမိကြောင်း သိရသည်။

 ဒေါ်ဘောက်ဂျာနှင့် ဒေါ်မန်နန်တို့၏စစ်ဆေးထွက်ဆိုချက်အရ ၎င်းမူးယစ် ဆေးဝါးများမှာ ဒေါ်ဘောက်ဂျာ၏သမီး မဆိုင်းပန်(၃၂)နှင့်အတူ ရောင်းချရန်ဝယ်ယူထားသည့်ပစ္စည်းများဖြစ်ကြောင်း သိရှိရ၍ အပြင်မှပြန်ရောက်လာသူ ဒော်ဆိုင်းပန်အားစစ်ဆေးမေးမြန်းရာ ဟုတ်မှန်ကြောင်းဝန်ခံခဲ့သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ဘောက်ဂျာ၊ဒေါ်မန်နန်၊ဒေါ်ဆိုင်းပန်တို့ သုံးဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။ဝင်းနိုင် ကချင်မြေ(မြန်​မာ့အလင်း)

No comments:

Post a Comment