ကာမိုင်း ဇန်နဝါရီ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု နန့်တိမ်းအခြေပြု နယ်မြေခံတပ်စခန်းတွင် ဇန်နဝါရီ၁၃ရက် ညနေ၄နာရီခွဲက တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကာမိုင်းမြို့ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု နန့်တိမ်းအခြေပြု နယ်မြေခံတပ်စခန်း စစ်ဆေးရေးဂိတ်တွင် ဖားကန့်ဘက်မှ မြစ်ကြီးနားဘက်သို့ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နေ ခင်မောင်သန်း(၅၂)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 9A/----VAN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအံဝှက်အတွင်းမှ ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ၈၀ အလေးချိန် ၁၂၀ ကီလိုဂရမ်အား သိမ်းဆည်းရမိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ခင်မောင်သန်းအား ကာမိုင်းနယ်မြေရဲစခန်းတွင် ကျောက်မျက်ဥပဒေဖြင့် အရေးယူထားကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ(မြန်မာ့အလင်း)
No comments:
Post a Comment