Latest News

Sunday, January 14, 2018

မိုးညှင်း ဘီလူးမြို့ကျေးရွာအ၀င် တွင် ရွေလက်စွပ်များခိုးလာသူအား ဖမ်းဆီးမိ

မိုးညှင်း ဘီလူးမြို့ကျေးရွာအ၀င် တွင်  ရွေလက်စွပ်များခိုးလာသူအား ဖမ်းဆီးမိ

မိုးညှင်း ဇန်နဝါရီ ၁၄

မိုးညှင်း မြို့နယ် ဘီလူးမြို့ကျေးရွာအ၀င် တွင်တည်ထားသော ဘီလူးအရုပ် အနီး တွင်  မသင်္ကာဖွယ်လူ(၂)ဦးအား  ရွေ လက်စွပ်များခိုးလာသူဟု ယူဆကာ ဇန်န၀ါရီ၁၃ရက်နေ့နေ့လယ်၁နာရီခွဲအချိန်က ဖမ်းဆီးထား ခဲ့ကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။

ရွာအ၀င်ကဘီလူးရုပ်ထုအနီးမှာလူနှစ်ဦးအထုတ်တစ်ထုတ်ကိုပေးဝေနေတာတွေ့လို့စစ်ဆေးခဲ့ပြီးဖမ်းဆီးခဲ့တာပါဟု မိုးညှင်းမြို့မရဲစခန်း နယ်ထိန်း ခေါင်းဆောင် ရဲအုပ်သက်နိုင်ဦးကပြောသည်။
ဖြစ်စဉ်မှာမိုးညှင်းမြို့မရဲစခန်းနယ်ထိန်းခေါင်းဆောင်နှင့်အဖွဲ့ကအရပ်
သက်သေများနှင့်အတူဘီလူးမြို့ကျေးရွာအတွင်းလှည့်ကင်းဆောင်ရွက်နေစဉ် အဆိုပါကျေးရွာသို့ မိုးညှင်းဘက်မှ အ၀င် ဘီလူးရုပ်ထုအနီးတွင်  ဘီလူးမြို့ကျေးရွာ ကန်သာကုန်းရပ်ကွက် နေ အသက်(၃၁ )နှစ်ရှိ သန်းဝင်းနိုင် ဆိုသူမှအ၀ါရောင်ကြွပ်ကြွပ်အိတ်အထုတ်(၁)ထုပ်အား ဘီလူးမြို့ကျေးရွာ သရက်ကုန်းရပ်ကွက် နေ အသက်(၄၅)နှစ် ရှိ ချောမောင်ဆိုသူထံပေးနေသည်ကိုတွေ့ရှိသဖြင့်စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါအထုပ်အတွင်း  ၃ ပဲ၊၇ ရွေး ၊၁၆ ပဲရည် (MCရွှေ လက်စွပ်-၁ကွင်း) ၊၂ပဲ၊၅ရွေး၊၁၄ပဲရည် (ပုလဲ-၁၁လုံးပါရွှေလက်ကောက် (၁)ကွင်းတို့နှင့်အတူ ငွေစက္ကူရောရာ ၁သိန်း ၃သောင်း၁ထောင့်၃၀၀ကျပ် အားတွေ့ရှိသဖြင့်စစ်ဆေးမေးမြန်းရာ၎င်းတို့ပိုင်းဆိုင်ကြောင်းအထောက်အထားတစ်စုံတရာပြသနိုင်ခြင်းမရှိသဖြင့်ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ချောမောင်နှင့်သန်းဝင်းနိုင်ဆိုသူတို့သည်လူနေအိမ်အဆောက်အဦးတစ်ခုခုမှခိုးယူလာခဲ့သည်ဟုယူဆသောကြောင့် မိုးညှင်းမြို့မရဲစခန်းတွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။EPN(မြန်​မာ့အလင်း)

No comments:

Post a Comment