ပေါင် ဒီဇင်ဘာ ၅
ယနေ့ညနေ ၅နာရီ၄၅ မိနစ်အချိန်က ထန်းပင်ချောင်ကြီးကျေး
ရွာ ကားလမ်းပိုင်းနေ ဦးသန်းဌေးဆိုသူမှ ၎င်း၏ နို့စို့အရွယ်နွား
တကောင်ပျောက်နေသဖြင့်သားဖြစ်သူနဲ့အတူလိုက်လံရှာဖွေ
ခဲ့ကြောင်း မိမိအိမ်နောက်ဖက်တဖာလုံခန့်အကွာ၌ ရှိသော ထန်းပင်ချောင်ကြီးရဲစခန်းဝင်းထဲတွင် နွားသားလေးအားတွေ့ရသဖြင့်သွားမောင်းခဲ့ကြကြောင်း ထိုစဉ်အရက်မူးနေသောရဲစခန်းမှုးက အခုပစ်သတ်လို့ရတယ် ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်
"ကျွန်တော်နဲ့ကျွန်တော့်သားနဲ့ နွားသားလေးကိုရှာရင်းစခန်းထဲမှာတွေ့လို့ဝင်မောင်းတာပါ စခန်းမှုးက အရက်မူးနေပြီး မင်းတို့ကိုပစ်သတ်လို့ရတယ် ဆိုပြီးရမ်းတော့တာပဲ သူ့ရဲဘောတွေရဲ့ရှေ့မှာ ကိုအဲ့လိုလုပ်တာပါ ရဲဆိုပြီးတော့ ရွာသားကိုအနိုင်ကျင့်တာ"ဟု ခြိမ်းခြောက်ခံရသည့် ဦးသန်းဌေးက ပြောသည်
ထန်းပင်ချောင်ကြီးကျေးရွာသည် ပေါင်မြို့မှ ၈မိုင်ခန့်ဝေးပြီး
လယ်ယာလုပ်ငန်းလုပ်ကိုင်သူ မွန်လူမျိုးများနေထိုင်သော
ကျေးရွာကြီးတခုဖြစ်သည်
Paung Daily
No comments:
Post a Comment