Latest News

Friday, January 5, 2018

စပါးအသင်း လစာထိန်းချုပ်မှု စနစ်ကိုဖျက်ပြီး ကိန်းကို တစ်ပတ်ပေါင် နှစ်သိန်း ပေးဖွယ်ရှိ

စပါးအသင်း လစာထိန်းချုပ်မှု စနစ်ကိုဖျက်ပြီး ကိန်းကို တစ်ပတ်ပေါင် နှစ်သိန်း ပေးဖွယ်ရှိ

စပါးအသင်းသည် အသင်းတိုက်စစ်မှူး ဟယ်ရီကိန်းအား ရီးယဲလ်နှင့် ဘာစီလိုနာ အပါအဝင် အသင်းများစွာက အလိုရှိ နေသောကြောင့် ကစား သမားများကို လစာထိန်းချုပ်ပြီးပေးသည့်စနစ်ကို တောက်လျှောက် ကျင့်သုံး လာသော် လည်း အဆိုပါစနစ်ကိုပယ်ဖျက်ပြီး တစ်ပတ်လစာ ပေါင်နှစ်သိန်းအထိ တိုးပေးကာ စာချုပ်သစ်ချုပ်ဆိုရန် အသင့်ဖြစ် နေပြီဟု သိရသည်။

ဟယ်ရီကိန်းသည် ၂ဝ၁၇ ပြက္ခဒိန်နှစ်တစ်နှစ် အတွင်း နိုင်ငံနှင့်အသင်းအတွက် ဂိုးအများဆုံး သွင်းပေးနိုင်သူအဖြစ် မက်ဆီနှင့် စီရော်နယ်ဒိုတို့ကို ပင်ကျော်ဖြတ်ကာ စံချိန်တင်နိုင်ခဲ့ သူဖြစ်၍ ဘာစီလိုနာ ပရိသတ်များက မဲအများ ဆုံးပေးပြီး ခေါ်ယူရန် တိုက်တွန်းခဲ့ကြသည်။

ကိန်းသည် လက်ရှိတွင် စပါးအသင်း၌ တစ်ပတ် အခြေခံလစာ ပေါင် ၁၁ဝဝဝဝ သာရရှိနေပြီး ပရီး မီးယားလိဂ်တွင် လစာအများဆုံး ရနေသူများစာရင်း၌ အဆင့် (၃၅) နေရာတွင် ရပ်တည်နေနိုင်သည်။

အသက် ၂၄ နှစ်သာရှိ သေးသော ကိန်းကို စပါး အသင်းသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက အသင်းတွင် ၂ဝ၂၂ ခုနှစ်အထိ ဆက်ရှိစေမည့် စာချုပ် သစ်ချုပ်ဆိုခဲ့သော်လည်း  ယခုတစ်ပတ်  ပေါင်နှစ်သိန်း အထိပေးပြီး စာချုပ်သက်တမ်းထပ်တိုးရန် စပါး အသင်းက အသင့်ဖြစ်နေပြီဟုဆိုသည်။

ထိုသို့ဆိုလျှင် ကိန်းသည် ပရီးမီးယားလိဂ်တွင် လစာအများ ဆုံးရသော စာရင်း၌ ထိပ်ဆုံး ၁ဝ ဦးစာရင်းဝင်နိုင်မည်ဖြစ်သည်။ လက်ရှိပရီးမီးယား လိဂ်လစာအများဆုံးရသူ ပေါ့ဂ်ဘာသည် တစ်ပတ် ပေါင် ၂၉ဝဝဝဝ ရရှိနေသည်။(MWD)

No comments:

Post a Comment