Latest News

Thursday, January 11, 2018

ကချင်​ပြည်​နယ်​​နေ့အထိမ်းအမှတ်​မ​နောပွဲ​တော်​​ပျော်​ရွှင်စွာ ဆင်​နွှဲခြင်းမှသည်​ငြိမ်းချမ်း​ရေးဆီသို့

ကချင်​ပြည်​နယ်​​နေ့အထိမ်းအမှတ်​မ​နောပွဲ​တော်​​ပျော်​ရွှင်စွာ ဆင်​နွှဲခြင်းမှသည်​ငြိမ်းချမ်း​ရေးဆီသို့


ကာမိုင်း     ဇန်​နဝါရီ    ၁၁

 နှစ်​(၇၀)ပြည့်​​မြောက်​ ကချင်​ပြည်​နယ်​​နေ့အထိမ်းအမှတ်​အဖြစ်​ကချင်​ရိုးရာမ​နောပွဲ​တော်​ကို ကာမိုင်းမြို့၊​ကောင်​ရာ​ကျေးရွာ ငါး​ပေါက်​ကုန်း၌ ဇန်​နဝါရီ(၁၀)ရက်​ နံနက်​ (၁၀း၀၀)နာရီက ကချင်​ရိုးရာယဉ်​​ကျေးမှုနှင့်​ စာ​ပေအဖွဲ့ချုပ်​​ကော်​မတီမှ မ​နောကဦး​ဆောင်​များနှင့်​ ကာမိုင်းမြို့ကချင်​ရိုးရာယဉ်​​ကျေးမှု​ကော်​မတီကဦး​ဆောင်​၍စတင်​ဖွင့်​လှစ်​ကျင်းပခဲ့သည်​။
    ကချင်​ပြည်​နယ်​​နေ့အထိမ်းအမှတ်​ မ​နောပွဲကျင်းပရာတွင်​ ဖားကန့်
မြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​များ၊ ဖားကန့်​မြို့အုပ်​ချုပ်​​ရေး မှူးနှင့်​ ဌာနဆိုင်​ရာများ၊ မိမိတို့ရိုးရာဝတ် စုံဖြင့်​လာ​ရောက်​​သော တိုင်းရင်း သားများနှင့်​ ဧည့်​သည်​​တော်​များ၊​ကျောင်း ဆရာ/ ဆရာမများ၊ ​ကျောင်းသား/  ​ကျောင်းသူများ၊​ကျေးရွာများမှလာ​ရောက်​​သောပြည်​သူများက ကချင်​ရိုးရာယဉ်​​ကျေးမှုနှင့်​ စာ​ပေအဖွဲ့ချုပ်​​ကော်​မတီမှ မ​နောကဦး​ဆောင်​များနှင့်​အတူ မ​နောအကတွင်​ပါဝင်​ဆင်​နွှဲခဲ့ကြသည်​။

    အဆိုပါမ​နောပွဲ​တော်​တွင်​ မန်​​မော်​၊ ခခူး​၊ မရူ၊ ဇိုင်​ဝါး၊
ရဝမ်​၊ လီဆူ စသည့်​ကချင်​တိုင်းရင်းသားများနှင့်​အတူ
ရှမ်းကြီး၊ ရှမ်းနီ၊ ခန္တီးရှမ်းစသည့်​ ရှမ်းတိုင်းရင်းသားများ၊ ဗမာ၊ ရခိုင်​၊ ကရင်​၊​ဂေါ်ရခါးစသည့်​ တိုင်းရင်းသားများ အတူတကွရင်းနှီးချစ်​ခင်​စွာပါဝင်​ဆင်​နွှဲခဲ့ကြရာ တိုင်းရင်းသားလူမျိုး​ပေါင်း ဦး​ရေ ၃၀၀၀​ကျော်​ခန့်​ မ​နောကပါဝင်​ဆင်​နွှဲခဲ့ကြ​ကြောင်း၊ အလွန်​​ပျော်​ရွှင်​ခဲ့ကြ​ကြောင်း၊ ကာမိုင်းမြို့တွင်​ယ​နေ့ကျင်းပသည့်​ မ​နောပွဲ​တော်​၏ တိုင်းရင်းသားတို့​ပေါင်း
စည်းချစ်​ကြည်​ရင်းနှီးမှုမှသည်​ ငြိမ်းချမ်း​ရေးပန်းခင်းဆီသို့ အ​ရောက်လှမ်းနိုင်​မည့်​​ခြေလှမ်းအဖြစ်​ ကာမိုင်းမြို့ပြည်​သူများက​မျှော်​မှန်းထားကြ​ကြောင်းသိရှိရပါသည်​။ပြန်​/ဆက်​ ​ ကာမိုင်း

No comments:

Post a Comment