Latest News

Thursday, January 11, 2018

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်တစ်ဦးအားအဓမ္မပြုကျင့်သူအား ဖမ်းဆီးရမိ

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်တစ်ဦးအားအဓမ္မပြုကျင့်သူအား ဖမ်းဆီးရမိ

သင်္ဃန်းညီနောင်   ဇန်န၀ါရီ  ၁၁

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်တစ်ဦးအားအဓမ္မပြုကျင့်သူအား ဖမ်းဆီးရမိခဲ့ကြောင်း သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၁၀)ရက် ညနေ(၀၄း၀၀)နာရီအချိန်ကမြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ ၊ သရက်တောဘုန်းကြီးကျောင်းအနီးနေထိုင်သူ ဦးအောင်ဝင်းမှာ သမီးဖြစ်သူ မခင်သီတာအား၎င်းတို့နေထိုင်ရာ တဲနှင့်ပေ (၁၅၀)ခန့်ကွာဝေးသည့် ရေတွင်းသို့ရေခပ်ရန်စေလွှတ်ရာ အချိန်(၁)နာရီ ခန့်ကြာသည်အထိပြန်ရောက်မလာသဖြင့် နောက်မှလိုက်ပါကြည့်ရှုခဲ့ရာ လူနေထိုင်ခြင်းမရှိသည့် ယာတဲပေါ်တွင် မွှေးနီ(ခ)မြတ်မွန်ဆိုသူမှ မခင်သီတာအား သားမယားအဖြစ်ပြုကျင့်နေသည်ကိုတွေ့ရှိခဲ့သဖြင့် ဇန်န၀ါရီလ(၁၀)ရက် ည(၀၇း၀၀)နာရီအချိန်တွင် ဦးအောင်ဝင်းနှင့် သမီးဖြစ်သူမခင်သီတာတို့မှသင်္ဃန်းညီနောင်နယ်မြေရဲစခန်းသို့လာရောက်အမှုဖွင့်လှစ်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်အားမေးမြန်းရာ မခင်သီတာမှာ တဲမှရေတွင်းသို့ရေခပ်ရန် သွားရောက်စဉ် မွှေးနီ(ခ)မြတ်မွန်ဆိုသူနှင့်ရေတွင်း၌တွေ့ရှိကြောင်း  ရေခပ်ပြီး အပြန်တွင်မွှေးနီ(ခ)မြတ်မွန်မှနောက်မှလိုက်လာကာ ပါးစပ်ကို ပိတ်၍ လက်နှစ်ဖက်ကိုချုပ်ကိုင်ပြီး ရေတွင်းနှင့်ပေ(၃၀)ခန့်ဝေးသည့် လူမနေသောယာတဲပေါ်သို့ဆွဲခေါ်သွားပြီး တဲပေါ်အရောက်တွင် ထဘီနှင့်အတွင်းခံဘောင်းဘီကိုဆွဲချွတ်ပြီးသားမယားအဖြစ်ပြုကျင့်နေစဉ် ဖခင်ဖြစ်သူ ဦးအောင်ဝင်းရောက်ရှိလာပြီးမြင်တွေ့ခဲ့ရသဖြင့် ဥပဒေအရ အရေးယူပေးပါရန်ဖခင်ဖြစ်သူမှတရားလိုပြုလုပ်တိုင်တန်းခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှူး ရဲအုပ်မြ၀င်းမှ စစ်ဆေးလျက်ရှိပြီး အခင်းဖြစ်နေရာသို့ချက်ခြင်းသွားရောက်ပြီး ပြစ်မှုကျူးလွန်သူတရားခံ မွှေးနီ(ခ)မြတ်မွန်အားအမှုဖြင့်ဖမ်းဆီးခြင်း၊ ပြစ်မှုကျူးလွန်ခံရသူ မခင်သီတာနှင့်ပြစ်မှုကျူးလွန်သူ မွှေးနီ(ခ)မြတ်မွန်တို့အားစစ်ဆေးနိုင်ရန် မှုခင်းဆေးစာဖြင့်မြ၀တီခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခြင်း၊ သက်သေခံပစ္စည်းများသိမ်းဆည်းခြင်း တို့ဆောင်ရွက်ပြီး အဆိုပါအမှုအား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ထားရှိကြောင်းသိရသည်။တင်ဝင်းလှိုင်(ကော့ကရိတ်)မြန်​မာ့အလင်း

No comments:

Post a Comment