Latest News

Thursday, January 11, 2018

တရားမဝင်​​ကျောက်​စိမ်းရိုင်း​တုံးများဖမ်းဆီးရမိ

တရားမဝင်​​ကျောက်​စိမ်းရိုင်း​တုံးများဖမ်းဆီးရမိ

ကာမိုင်း  ဇန်န၀ါရီ  ၁၁

ဇန်န၀ါရီ ၁၀ ရက် ည​နေ၄း၃၀အချိန်​တွင်​ ကာမိုင်းမြို့၊ ကပ်​​မှော်​ဇွပ်​​ကျေးရွာ အုပ်​စု၊ နန့်​တိန်းအ​ခြေပြု ရတခလရ(၂၅၅)မှ (ဗ)​အောင်​​ဇော်​လင်း ဦးစီးအဖွဲ့သည်​ နန့်​တိန်းစစ်​​ဆေး​ရေးဂိတ်​တွင်​ ယာဉ်​စစ်​​ဆေး​ရေးတာဝန်​ထမ်း​ ဆောင်​​နေစဉ်​ ဖားကန့်​မှမြစ်​ကြီးနားသို့ယာဉ်​​မောင်းနှင်​လာ​သော သိုက်​ထွန်း အသက်​(၃၉)နှစ်​ (အဖ)ဦး​အေး​မောင်​၊ ၁/ဗမန(နိုင်​) ၀၆၁၇၃၆၊​အောင်​ပြည်​သာရပ်​ကွက်​ ဗန်းမော်​မြို့​​နေသူ​မောင်းနှင်​လာသည့်​ ယာဉ်​အမှတ်​၊ ၃က/၃၂၅၇ တုန်​ဖုန်း အမျိုးအစား အပြာ​ရောင်​ယာဉ်​အား ရပ်​တန့်​စစ်​​ဆေးရာ ၎င်းယာဉ်​​ပေါ်တွင်​ သံ​ချေးတက်​​နေ​သော ​ပေပါခွံ အ​ဟောင်းများဖြင့်​ ဖုံးအုပ်​လျှက်​ အဝါ​ရောင်​ပီနံအိတ်​များဖြင့်​ထည့်​၍ သယ်​​ဆောင်​လာသည့်​​ကျောက်​စိမ်းရိုင်း တုံးများဟုယူဆရ​သော​ကျောက်​စိမ်းရိုင်းတုံးအရွယ်​စုံ (၆၈၃)တုံး စုစု​ပေါင်းအ​လေးချိန်​ (၁၅၆၀)ကီလိုဂရမ်​ခန့်​အား ရှာ​ဖွေ​တွေ့ရှိခဲ့သည်​။

    ဆက်​လက်​၍ တရားမဝင်​​ကျောက်​စိမ်းရိုင်းတုံးများ သယ်​​ဆောင်​လာ​သောတရာခံ သိုက်​ထွန်းအား နမစ(ကာမိုင်း)၌ အမှု​ရေးဖွင့်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း သိရသည်​။ကာမိုင်း ပြန်/ဆက်

No comments:

Post a Comment