Latest News

Sunday, January 14, 2018

က်ပ္သိန္း ၁၇ဝ ေက်ာ္တန္ဖုိးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္း ရမိ

က်ပ္သိန္း ၁၇ဝ ေက်ာ္တန္ဖုိးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္း ရမိ

ေနျပည္ေတာ္  ဇန္နဝါရီ   ၁၃

ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခံဳေရး ေဆာင္ရြက္ေနေသာ လုံၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားသည္ ဇန္နဝါရီ ၁၂ ရက္ ည ၈ နာရီ မိနစ္ ၄ဝ ခန္႔တြင္ ေမာင္ေတာ ၿမိဳ႕၏အေနာက္ဘက္ ၃၁ မုိင္ခန္႔အကြာ၌ လုံၿခံဳေရး ေဆာင္ရြက္ေနစဥ္ ဒုိးတန္းေက်းရြာ ဘက္မွ ငါးခူရေက်းရြာဘက္သုိ႔ လမ္းေလွ်ာက္လာေသာ မသကၤာဖြယ္လူႏွစ္ဦးအား စစ္ေဆး ရန္ ေခၚယူခဲ့ရာ လာေရာက္ျခင္း မရွိဘဲ အထုပ္တစ္ထုပ္အား ပစ္ခ်၍ လာလမ္းအတုိင္း ထြက္ ေျပးသြားခဲ့သည္။

အဆုိပါအထုပ္အား ဖြင့္ေဖာက္စစ္ေဆးရာWYစာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၈၅၅ဝဝ ျပား(ခန္႔မွန္းတန္ဖုိး က်ပ္သိန္း ၁၇ဝ ေက်ာ္ခန္႔)အား သိမ္းဆည္း ရမိခဲ့ၿပီး ငါးခူရ နယ္ေျမ ရဲစခန္းသုိ႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံ ၿပီးျဖစ္ေၾကာင္း သတင္းရရွိသည္။MWD


(Unicode Version)

ကျပ်သိန်း ၁၇ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိ


နေပြည်တော်  ဇန်နဝါရီ   ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီ မိနစ် ၄ဝ ခန့်တွင် မောင်တော မြို့၏အနောက်ဘက် ၃၁ မိုင်ခန့်အကွာ၌ လုံခြုံရေး ဆောင်ရွက်နေစဉ် ဒိုးတန်းကျေးရွာ ဘက်မှ ငါးခူရကျေးရွာဘက်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ်လူနှစ်ဦးအား စစ်ဆေး ရန် ခေါ်ယူခဲ့ရာ လာရောက်ခြင်း မရှိဘဲ အထုပ်တစ်ထုပ်အား ပစ်ချ၍ လာလမ်းအတိုင်း ထွက် ပြေးသွားခဲ့သည်။

အဆိုပါအထုပ်အား ဖွင့်ဖောက်စစ်ဆေးရာWYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၅ဝဝ ပြား(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၇ဝ ကျော်ခန့်)အား သိမ်းဆည်း ရမိခဲ့ပြီး ငါးခူရ နယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ပြီးဖြစ်ကြောင်း သတင်းရရှိသည်။MWD

No comments:

Post a Comment