Latest News

Sunday, January 14, 2018

ပုသိမ်မြို့၌ တည်ဆောက်နေသော Platinum Pathein စီမံကိန်း ၅ဝ ရာခိုင်နှုန်းပြီးစီး

ပုသိမ်မြို့၌ တည်ဆောက်နေသော Platinum Pathein စီမံကိန်း ၅ဝ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်မှ   ပုသိမ် - ချောင်းသာ - ငွေဆောင်ကမ်းခြေတို့သို့ သွားရာ  ကားလမ်းမကြီးဘေး ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့၌  တည်ဆောက်နေသော  ခရီးတစ်ထောက်နား ယာဉ်ရပ်နားစခန်း ဖြစ်လာမည့်   Platinum Pathein  စီမံကိန်းမှာ  ၅ဝ  ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါ စီမံကိန်းရုံးမှ သိရသည်။

ထိုစီမံကိန်းကို Phase 1နှင့် Phase 2ဟူ၍ အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး Phase 1 ၌ လူနေအိမ် Villa  များ၊ 3 Star  အဆင့်ရှိ ဟိုတယ်နှင့် ၁၈ဝဝ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်ပလာဇာ၌ ဈေးဆိုင်ခန်းများ၊ ကားရေဆေးဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းဆိုင်များ၊ Phase 2 တွင် အိမ်ရာများ၊ ရှောပင်းမောများ၊  စားသောက်ဆိုင်များ၊ ဘဏ်များ၊  ဓာတ်ဆီဆိုင်များနှင့် အပန်းဖြေ ပန်းခြံများ ပါဝင်မည်ဖြစ်သည်။

Phase 1 တွင် နှစ်ထပ်အဆောက်အအုံ လေးခန်းတွဲဖြင့် ပလာဇာဆိုင်ခန်းပေါင်း ၃၅ ခန်းပါဝင်မည်ဖြစ်ပြီး ဟိုတယ်ဆောက်လုပ်မှုတွင်  အထပ်ပေါင်း ခြောက်ထပ်ပါကာ အောက်ထပ်၌  မင်္ဂလာခန်းမ၊  ဧည့်ခံပွဲ ကျင်းပရာနေရာနှင့် ကားပါကင်လည်း ပါဝင်မည်ဖြစ်ပြီး ယခုနှစ် ဇွန်လတွင် အပြီးတည်ဆောက်မည်ဖြစ်သည်။

လက်ရှိတွင်   အဆောက်အအုံငါးလုံးရှိသော ပလာဇာဆိုင်ခန်းပေါင်း ၃၅ ခန်း ဆောက်လုပ်နေမှုသည် ၈ဝ ရာခိုင်နှုန်းပြီးစီး နေပြီး ပေ ၄ဝ၊ ပေ ၆ဝ အကွက်ဖြစ်သည့်  အိမ်ရာ ၄၈ ကွက်ကိုလည်း  မြေကွက်အပါအဝင် လူနေအိမ်ခန်းနှင့် မြေကွက်သီးသန့် လိုချင်သူများအတွက် ရောင်းချပေးမည်ဖြစ် ကြောင်း၊ ယင်းအိမ်ရာ ၄၈ ကွက်ဖော်ဆောင်နေမှုမှာ ၅ဝ ရာခိုင်နှုန်းပြီးစီးနေပြီး ယခုနှစ်ကုန်ပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်သည်။

အိမ်ရာဝယ်ယူသူများ အတွက် မြေဂရန်လျှောက်ထားရန် ကုမ္ပဏီမှ ဆောင်ရွက်ပေး မည်ဖြစ်သည်။ ''ဟိုတယ်ဆောက်လုပ်ဖို့  ဒီဇိုင်းပုံစံရေးဆွဲ ပြီးပြီဆိုပေမယ့် ပလာဇာနဲ့အိမ်ရာကို အပြီး သတ်ပြီးစီးပြီဆိုရင်တော့  ဟိုတယ်ဆောက် လုပ်မှုပိုင်းကို ဆက်လက်လုပ်ဆောင်မှာပါ။

 ဒေသခံတွေကျတော့   မြေကွက်နဲ့လုံးချင်း အိမ်လေးတွေကို    စိတ်ဝင်စားကြတယ်။ ပြီးတော့  လိုချင်တဲ့ပစ္စည်းအစုံကိုတစ်နေရာ တည်းမှာ ၂၄ နာရီစလုံး ရလာနိုင်မှာဆိုတော့ ဒေသခံတွေအတွက်  အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာနိုင်မှာပါ'' Mya Bay H & Co   Platinum Pathein စီမံကိန်းမှ Sales Manager Sai Lao Fa ကပြောသည်။

ပလပ်တီနမ်နိုဗယ် စားသောက်ဆိုင်နှင့် ရွှေပုဇွန်စားသောက်ဆိုင်ကို ဖေဖော်ဝါရီလ တွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး ဘဏ်နှင့် ကားပစ္စည်း အရောင်းဆိုင်များလည်း  ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment